Browsing Category
တိုက်ပွဲသတင်း
73 posts
မိုးမိတ်-တွင်းငယ် လမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်က နှစ်ဖက်ညှပ် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေ
စစ်ကောင်စီတပ်ဟာ စစ်ရေးအရ အရေးပါတဲ့ ရှမ်းမြောက် မိုးမိတ်-သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာ လမ်းပိုင်းကို ပြန်ထိန်းချုပ်နိုင်ဖို့ နှစ်ဖက်ညှပ် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
မိုးမိတ်-တွင်းငယ်လမ်းပိုင်းကို စစ်ကောင်စီတပ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေ၊ စစ်ကောင်စီစစ်ကြောင်း တောင်လယ်ရွာအထိ ရောက်လာ
ရှမ်းမြောက် မိုးမိတ်မြို့နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်လမ်းပိုင်းကို စစ်ကောင်စီတပ်ဘက်က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တော်လှန်ရေးတပ်တွေဘက်က နယ်မြေတချို့ ထပ်မံလက်လွှတ်ခဲ့ရတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
ကွတ်ခိုင်တိုက်ပွဲအတွင်း ဟိုကျန့်ရွာ အမျိုးသမီးတစ်ဦး ဒရုန်းဗုံး ထိမှန်ပြီး သေဆုံး
ကိုးကန့်တပ် – MNDAA ဘက်က တအာင်းတပ် – TNLA ကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့အနီးမှာ အမျိုးသမီးတစ်ဦး ဒရုန်းဗုံးထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကိုးကန့်တပ် ထိုးစစ်တဲ့နေရာမှလွဲလို့ ကျန်နေရာအားလုံး တအာင်းတပ်က ပစ်ခွင့်မပေးသေးဘူးဟု ဆို၊ ပြည်ထောင်စု လမ်းမတစ်လျှောက်ရှိ တအာင်းတပ်ကို ကိုးကန့်တပ်က ဖယ်ရှား
မနေ့ မတ်လ ၁၄ရက်နေ့ မနက်ပိုင်းကစပြီး ကိုးကန့်တပ်-MNDAAက ကွတ်ခိုင်အပါအဝင် ပြည်ထောင်စုလမ်းတစ်လျှောက် တအာင်းတပ်-TNLA တပ်စခန်းအများအပြားကို ထိုးစစ်ဆင် ဖယ်ရှားခဲ့ပေမယ့် ထိုးစစ် ခုခံနေရတဲ့နေရာတွေကလွဲလို့ ကျန်နေရာအားလုံး တအာင်းတပ်ဘက်က ပစ်မိန့်မပေးသေးဘူးလို့ စုံစမ်းသိးပါတယ်။
နမ့်ဖတ်ကာရှိ TNLA တပ်စခန်းအားလုံးကို ကိုးကန့်တပ် စီးနင်းတိုက်ခိုက်သိမ်းပိုက်၊ နမ့်ဖတ်ကာ-နမ့်ခမ်းကြားရှိ TNLA တပ်စခန်းတွေကို ဦးတည်တိုက်ခိုက်နေ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာရှိ တအာင်းတပ် – TNLA ရဲ့ တပ်စခန်းအားလုံးကို ကိုးကန့်တပ် စီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းအရင်းမြစ်တွေက ပြောပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ဗျုဟာကုန်းကို ကိုးကန့်တပ်ဘက်က အပြင်းအထန်ထိုးစစ်ဆင်နေ၊ ကိုးကန့်တပ်ဘက်က ဒရုန်းဗုံး ရာချီအသုံးပြုတိုက်ခိုက်နေ
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ဗျူဟာကုန်းကို ကိုးကန့်တပ်ဘက်က အပြင်းအထန် ထိုးစစ်ဆင်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု များတယ်လို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကွတ်ခိုင်မှာ ညီနောင်မဟာမိတ် ၂ ဖွဲ့ကြား နှစ်ရက်မြောက်နေ့ တိုက်ပွဲ ဆက်ပြင်းထန်နေ၊ MNDAA ထိုးစစ် ဗျူဟာကုန်းကို ဦးတည်တိုက်ခိုက်ခိုက်နေ
ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တပ်ဖြစ်ကြတဲ့ တအာင်းတပ်- TNLA နဲ့ ကိုးကန့်တပ်- MNDAA အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
နမ့်ဖတ်ကာ-နမ့်ခမ်းကြား ၁၂ မိုင်ရှိ တအာင်းတပ်ဂိတ်ကို ကိုးကန့်တပ် ဒရုန်းဗုံး ရာနဲ့ချီ ကြဲချပြီး ထိုးစစ်ဆင်နေ
တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖတ်ကာအစပ် ၁၂ မိုင်ကျေးရွာမှာရှိတဲ့ တအာင်းတပ်- TNLA ရဲ့ ဂိတ်စခန်းကို ကိုးကန့်တပ်- MNDAA က ဒရုန်းဗုံးတွေနဲ့ လာရောက်ကြဲချတိုက်ခိုက်ပြီး ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။