ဝက်လက်မြို့နယ်ထဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦး သေဆုံး

ပို့လဘား၊ ဩဂုတ် ၁၈ ရက်၊ ဝက်လက် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့…

သံတွဲမြို့ထဲ စစ်တပ်က ဗုံး ထပ်ကြဲလို့ ဒေသခံ သားအဖ ၂ ဦး သေဆုံး ၆ ဦး ဒဏ်ရာရ

ရခိုင်ပြည် သံတွဲမြို့ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ထပ်ကြဲလို့ ဒေသခံ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်- AA က ထုတ်ပြန်ထားပါတယ်။

ရွာငံမြို့နယ်ထဲက တောင်ပိုင်းရွာတွေဘက် တိုက်ပွဲ ဖြစ်မယ်ဆိုပြီး စစ်ကောင်စီတပ်က ဒေသခံတွေကို အရေးပေါ် ရှောင်ခိုင်းနေ

ရှမ်းတောင် ရွာငံမြို့နယ် မြိုင်ကျေးရွာအုပ်စုအပါအဝင် ရွာငံတောင်ပိုင်းရွာတွေဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF နဲ့ တိုက်ပွဲ ဖြစ်မယ်ဆိုပြီး စစ်ကောင်စီတပ်က အမြန်ရှောင်ခိုင်းနေတာကြောင့် ဒေသခံတွေ အရေးပေါ် တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဝ”က ဖမ်းဆီးရမိတဲ့ ကျပ်သိန်း ထောင်နဲ့ချီ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို တရုတ်ထံ ထပ်မံ လွှဲပြောင်းပေး

“ဝ”ပြည် တရားရေးကော်မတီ- WSP က ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး (ICE, Heroin, Ephedrine) စုစုပေါင်း ၁၇.၂ ကီလိုဂရမ်ကို တရုတ်ထံ ထပ်မံ လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ချင်းပြည်မြောက်ပိုင်းကို အထူးရဲကွန်မန်ဒို အင်အား ၁ ထောင်ကျော် ဖြည့်တင်းထား

ချင်းပြည်နယ်မြောက်ပိုင်းဘက်က မြို့နယ်တွေကို စစ်ကောင်စီက အထူးရဲကွန်မန်ဒိုအင်အား ၁ ထောင်ကျော် ပို့ဆောင်ထားတယ်လို့ ချင်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ဘာသာရေးအစွန်းရောက် ဟောပြောသူ စိမ့်ဝင်တာကြောင့် “ဝ”ဒေသက ဘုရားကျောင်းတချို့ ယာယီပိတ်၊ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေ

“ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA က ဒေသတွင်း ဘာသာရေးအစွန်းရောက် ဟောပြောသူတွေ စိမ့်ဝင်တာကြောင့် “ဝ”ဒေသက ဘုရားကျောင်းတချို့ ယာယီ ပိတ်ထားရတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့် ဖားပြင် စက်လှေဂိတ်မှာ ရေထဲ ကျသွားတဲ့ လူနဲ့ကားကို ကယ်ဆယ်နိုင်ခဲ့

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖားပြင် စက်လှေဂိတ်မှာ မနေ့ ဩဂုတ် ၁၁ ရက် နေ့လယ်ပိုင်းက ကားတစ်စီးနဲ့အတူ လူလည်း ဥရုချောင်းထဲ ကျသွားခဲ့ပြီးနောက် အချိန်မှီ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

နမ့်ဖတ်ကာမှာ KIA ရဲဘော်တစ်ဦးနဲ့ ဈေးသည် ဆိုင်ကယ်ချင်း တိုက်မိပြီး တစ်ဦးသေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာရ

ရှမ်းမြောက် ပြည်ထောင်စုလမ်းမပေါ်က ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ ဩဂုတ် ၂ ရက် ညနေပိုင်းမှာ ကချင်တပ်မတော်- KIA ရဲဘော်တစ်ဦးနဲ့ ဈေးသည် အမျိုးသားတစ်ဦး ဆိုင်ကယ်ချင်း တိုက်မိပြီး တစ်ဦးသေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မိုးမိတ်မှာ စစ်ကောင်စီတပ် တစ်ဖက်သတ် ပစ်ခတ်

ရှမ်းမြောက် မိုးမိတ်မြို့ပြင် ညောင်နီရွာမှာ စစ်ကောင်စီတပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးနဲ့ လက်နက်ငယ် အသုံးပြုပြီး တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ‌မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

ကွတ်ခိုင် နမ့်ဖတ်ကာရွာက အုပ်ချုပ်ရေးမှူးတစ်ဦး သတ်ခံရ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာက အုပ်ချုပ်ရေးမှူးတစ်ဦး ဓားနဲ့ခုတ်ခံရကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်‌ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။