ဓာတ်ပုံ – WSP

ရွှေဖီမြေ၊ ဩဂုတ် ၁၇ ရက်၊ ပန်ဆန်း

“ဝ”ပြည် တရားရေးကော်မတီ- WSP က ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး (ICE, Heroin, Ephedrine) စုစုပေါင်း ၁၇.၂ ကီလိုဂရမ်ကို တရုတ်ထံ ထပ်မံ လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

မူးယစ်ဆေးဝါးတွေကို တရုတ်နိုင်ငံက ပေးပို့တဲ့ သတင်းအချက်အလက်ပေါ် အခြေခံပြီး နှစ်ဖက်ရဲတပ်ဖွဲ့ ပူးပေါင်းဖမ်းဆီးနိုင်တာဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပုံစံခွက် ၂၀ ခု၊ လေစုပ်ထုပ်ပိုးစက် ၅ လုံး၊ အခြောက်ခံစက် ၁ လုံးနဲ့ ထုတ်ပိုးအိတ် ၆ အိတ်တို့ကို တရုတ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါးတွေကို “ဝ”ပြည် နယ်စပ်ဒေသတွေမှာ ဖမ်းဆီးရမိတာဖြစ်တယ်လို့ ဖော်ပြထားပေမဲ့ တည်နေရာအတိအကျ မဖော်ပြထားသလို မူးယစ်ဆေးဝါးနဲ့ ဆက်စပ်သူတွေကို ဖမ်းဆီးခြင်း ရှိမရှိလည်း ဖော်ပြတာ မရှိပါဘူး။

ဓာတ်ပုံ – WSP

စစ်ကောင်စီ ထုတ်ပြန်ဖူးတဲ့ မူးယစ်ဆေးဝါးတန်ဖိုးအရ “ဝ”တပ် တရုတ်ထံ လွှဲပြောင်းပေးခဲ့ စိတ်ကြွဆေး (ICE/Methamphetmine) ၆.၇ ကီလိုဂရမ်၊ ဘိန်းဖြူး(Heroin) ၇.၈ ကီလိုဂရမ်၊ အက်ဖီဒရင်း ၂.၅ ကီလိုဂရမ်တို့ရဲ့ ကာလတန်ဖိုးဟာ ကျပ်သိန်း ၄,၄၀၀ အထက်မှာ ရှိပါတယ်။

“ဝ”ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ စိတ်ကြွဆေး (Methamphetamine) ၁၆၂၂.၉ ကီလိုဂရမ် ကာလတန်ဖိုး ကျပ် ၁၂ ဘီလျံ၊ မေလ ၂၇ ရက်မှာ မူးယစ်ဆေးဝါးမျိုးစုံ ၃၇၀.၂၇၆ ကီလိုဂရမ် ကာလတန်ဖိုး ကျပ် ၁ ဘီလျံကျော်တို့ကို တရုတ်ထံ လွှဲပြောင်းပေးခဲ့ဖူးပြီး လက်ရှိအကြိမ်ဟာ ၂၀၂၆ ခုနှစ်အတွင်း ၃ ကြိမ်မြောက် မူးယစ်ဆေးဝါး လွှဲပြောင်းပေးမှု ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။