မြတ်နိုး၊ ဩဂုတ် ၁၂ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖားပြင် စက်လှေဂိတ်မှာ မနေ့ ဩဂုတ် ၁၁ ရက် နေ့လယ်ပိုင်းက ကားတစ်စီးနဲ့အတူ လူလည်း ဥရုချောင်းထဲ ကျသွားခဲ့ပြီးနောက် အချိန်မှီ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဥရုချောင်းမှာ ကားရော လူရော ကျသွားတာ ဟုတ်တယ်။ ဖားကန့်-ဆိပ်မူသွားလမ်း ဖားပြင် စက်လှေဂိတ်မှာ ဖြစ်တာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အဓိက ဖားကန့်-ယူမာ-ဆိပ်မူဘက်သွားတဲ့ အဓိကလမ်းပိုင်းက စစ်ရေးကြောင့် ပိတ်ထားတာဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့ရဲ့ ထောင်မိုင်း ရှိတယ်လို့ သူက ပြောပါတယ်။

အဓိက လမ်းပိုင်းကနေ သွားလာလို့ မရတာကြောင့် ဒေသခံတွေက ဖားကန့်ကနေ ဆိပ်မူသွားတာဖြစ်ဖြစ်၊ ဆိပ်မူကနေ ဖားကန့်ကို သွားတာဖြစ်ဖြစ်၊ ဖားကန့်-ဆန်းကြွယ်-ဖားပြင်-ဘဇံချောင်း-ဆိပ်မူဘက်ကို စက်လှေနဲ့ သွားရတာဖြစ်ပြီး လက်ရှိ ကားကျသွားတဲ့ စက်လှေဂိတ်က ဖားပြင်-ဘဇံချောင်း ကူးတဲ့နေရာလို့ သူက ရှင်းပြပါတယ်။

“ဖားပြင် စက်လှေဂိတ်မှာ ကားရော လူရော ဥရုချောင်းထဲ ကျသွားတာ ဟုတ်တယ်။ လူရော ကားရော ဆွဲတင်နိုင်ခဲ့တယ်။ ဘာမှဖြစ်မသွားဘူး” လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်ကနေ ဆိုင်းတောင်၊ ဖားပြင်၊ ဘဇံချောင်းဖြတ်ပြီး ဆိပ်မူဘက် သွားလာတဲ့ လမ်းကြောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စက်လှေဂိတ်မှာ ကားနဲ့လူ ဥရုချောင်းထဲ ကျသွားတာလို့ ဒေသခံတချို့က ဆိုပါတယ်။

စက်လှေဂိတ်ကိုဖြတ်ပြီး သွားလာရတာကြောင့် ခရီးသွားတွေအတွက် သွားလာရေး ပိုမိုခက်ခဲနေလို့ ဒေသခံတချို့ကတော့ အဓိကလမ်းကို ဖွင့်ပေးဖို့ အခက်အခဲ ရှိရင်တောင် လူထုတွေရဲ့ ကျန်းမာရေးနဲ့ သွားလာရေးအတွက် အချိန်ပိုင်းအနေနဲ့ ဖွင့်ပေးစေချင်တယ်လို့ တောင်းဆိုနေကြပါတယ်။

လမ်းပိတ်ထားတာကြောင့် အရေးပေါ်ကျန်းမာရေးကိစ္စနဲ့ သွားလာရသူ၊ ခရီးသည်တင်ကားအနေနဲ့ လမ်းလွှဲပြီး အချိန်ပိုပေးကာ သွားလာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်း ယာဉ်သွားလာရေး အခက်အခဲဟာ အခုဖြစ်စဉ်မတိုင်ခင်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လကလည်း ဖားကန့်-ယူမာကူးတို့ဆိပ်မှာ ယာဉ်ကြီးယာဉ်ငယ် ပိတ်ဆို့ကြန့်ကြာတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ဖားကန့်ဒေသမှာ စစ်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့အကြားက စစ်ရေးအခြေအနေကြောင့် လမ်းပိုင်းတချို့ ပိတ်ထားလေ့ ရှိပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။