ကွတ်ခိုင်က တအာင်းကျေးရွာက ရွာအဝင်ဆိုင်းဘုတ်အများအပြားကို ကိုးကန့်တပ်က လိုက်လံဖျက်ဆီးနေ
တအာင်းတပ်-TNLAထံကနေ ကိုးကန့်တပ်-MNDAAက တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်က တအာင်းကျေးရွာတွေရဲ့ ရွာအဝင်ဆိုင်းဘုတ်တွေမှာ ရေးထားတဲ့ တအာင်းစာတွေကို ကိုးကန့်တပ် MNDAA က ဆက်လက်ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။