ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေး တပ်မတော်

ရွှေဖီမြေ၊ မေလ ၅ ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF ဖွဲ့စည်းတည်ထောင်မှု ၅ နှစ်ပြည့်တဲ့နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တော်လှန်ရေးဟာ ခဏလေးနဲ့ပြီးသွားမယ့်အရာ မဟုတ်ဘဲ ခရီးရှည်တစ်ခုဖြစ်လို့ ဇွဲမလျှော့ဘဲ ဆက်လက်ရှေ့ဆက်ဖို့ လိုတယ်လို့ ပြောပါတယ်။

PDF က ဒီ ၅ နှစ်အတွင်း စနစ်တကျ ဖွဲ့စည်းထားတဲ့ တပ်တစ်ခု ဖြစ်လာပြီး စစ်ရေးအောင်မြင်မှုတွေလည်း ရရှိထားတယ်လို့ ဆိုပါတယ်။

တချို့နေရာမှာတော့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် နည်းဗျူဟာအရ ဆုတ်ခွာရတာ ရှိခဲ့တယ်လို့လည်း ရှင်းပြပါတယ်။

တော်လှန်ရေးဟာ အပြေးပြိုင်ပွဲ မဟုတ်ဘဲ ပန်းတိုင်မရောက်မချင်း လျှောက်ရမယ့် ခရီးရှည်တစ်ခု ဖြစ်သလို ပင်ပန်းလာရင် ခဏနား၊ အားပြန်ဖြည့်ပြီး ဆက်လက် လျှောက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ရန်သူဘက်က သတင်းမှားတွေ၊ ဝါဒဖြန့်မှုတွေနဲ့ စိတ်ဓာတ်ကျအောင် ကြိုးစားနေကြတာကို သတိထားဖို့လည်း ပြောပါတယ်။

လက်နက်ထက် စည်းကမ်းနဲ့ ကျင့်ဝတ်က ပိုအရေးကြီးတယ်လို့ ထောက်ပြထားပြီး လူထုကို လေးစားကာ လူ့အခွင့်အရေးတွေကို ထိန်းသိမ်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

နောက်ဆုံးမှာတော့ တော်လှန်ရေး အောင်မြင်မှုတွေဟာ မဟာမိတ်အဖွဲ့၊ လူထုတွေရဲ့ ပံ့ပိုးမှုကြောင့် ဖြစ်တယ်လို့ ပြောဆိုပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။