Browsing Category
သတင်း
3932 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ကျိုင်းတုံမြို့ ရဲစခန်းအနီးမှာ သေနတ်အရှည်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၄ ဦးက အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွား
ဒီနေ့ ဇူလိုင် ၂ ရက် နေ့လယ် ၃ နာရီ ဝန်းကျင်မှာ ကျိုင်းတုံမြို့ အမှတ် ၄ ရပ်ကွက်၊ နွဲနော်ရပ်က ကိုစိုင်းလွတ် ပရိဘောကဆိုင်ရှေ့မှာ အိမ်စီးကားအဖြူ စီးလာတဲ့ အမျိုးသား ၄ ဦးက သေနတ်(အရှည်) တွေ ကိုင်ဆောင်ပြီး ၎င်းဆိုင်ထဲက အမျိုးသမီးကို ကားပေါ်သို့ ဆွဲခေါ်သွားခဲ့တာ ဖြစ်ပါတယ်။
ခိုးယူခံရမှာ စိုးရိမ်လို့ လှောင်အိမ်ထဲ ထည့်ထားနေရတဲ့ မူဆယ်မြို့ နေအိမ်ရှေ့က CCTV နဲ့ မီးသီး မီးလုံးတွေပါ ခိုးယူခံနေရ
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အိမ်ရှေ့ တပ်ဆင်ထားတဲ့ CCTV နဲ့ မီးသီး မီးလုံးတွေပါ ခိုးယူခံနေရတဲ့အထိ သူခိုးတွေ ဆိုးဆိုးရွားရွား သောင်းကြမ်းနေကြကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖားကန့်မှာ KIA မြို့နယ်မှူးကို သတ်ဖြတ်ခဲ့တဲ့ တရားခံကို ငွေသားတွေနဲ့အတူ သေဆုံးလျက် တွေ့ရှိ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်တပ်မတော်-KIA မြို့နယ်မှူး ဆိုင်းအောင်နန်ကို သတ်ဖြတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ယူဆခံထားရတဲ့ မုန်ဂျာအောင် (Mung Ja Awng) ကို မနေ့ ဇွန်လ ၃၀ ရက် ညနေပိုင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စလော့ဂိမ်းကြောင့် ခိုးဆိုးလုယက်မှု ဖြစ်ပွားနေလို့ ဆော့သူကို တာဝန်ရှိသူတွေ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေးဖို့ လူထုတွေ တောင်းဆို
အွန်လိုင်းဂိမ်းတစ်ခုဖြစ်တဲ့ စလော့ဂိမ်း ဆော့ကစားသူတွေကို သက်ဆိုင်ရာမြို့နယ်ရှိ တာဝန်သူတွေက ထိထိရောက်ရောက် အရေးယူပေးဖို့ လူထုတွေက တောင်းဆိုနေကြကြောင်း တန့်ယန်းဒေသခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
တရုတ်ဘက်က ခြံစည်းရိုးနယ်နိမိတ်အဖြစ် စိုက်ထူနေတဲ့ တရုတ်အလံတိုင် မူဆယ်မြို့အနီးထိ လာရောက် စိုက်ထူထား
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုး နယ်နိမိတ်အဖြစ် စိုက်ထူနေတဲ့ တရုတ်အလံတိုင်တွေဟာ မြို့နားအထိ ရောက်ရှိလာနေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မှာ KIA အရာရှိတစ်ဦး သတ်ဖြတ်ခံရ၊ ကျူးလွန်သူက ကားတစ်စီးနဲ့ သိန်း ၅၀၀ ယူဆောင်ပြီး ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ထံ ထွက်ပြေးသွား
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဖားပြင်ရွာမှာ ကချင်တပ်မတော်- KIA ရဲ့ အရာရှိတစ်ဦး မနေ့ ဇွန်လ ၂၉ ရက် မနက်အစောပိုင်းမှာ သတ်ဖြတ်ခံရကြောင်း ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။