ဓာတ်ပုံ- Local

ပပ၊ ဇူလိုင် ၁ ရက်၊ မူဆယ်

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အိမ်ရှေ့ တပ်ဆင်ထားတဲ့ CCTV နဲ့ မီးသီး မီးလုံးတွေပါ ခိုးယူခံနေရတဲ့အထိ သူခိုးတွေ ဆိုးဆိုးရွားရွား သောင်းကြမ်းနေကြကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် ညပိုင်းနဲ့ မနေ့ ဇွန်လ ၃၀ ရက် ညပိုင်းမှာ မူဆယ်မြို့ ပြည်ထောင်စု လမ်းမပေါ်ရှိ CB ဘဏ်အနီးက ဆိုင်ခန်းနဲ့နေအိမ်ရှေ့ တပ်ဆင်ထားတဲ့ CCTV ၃ လုံးနဲ့ မီးလုံး ၄ လုံး ခိုးယူခံခဲ့ရပါတယ်။

‎အိမ်ရှင်အမျိုးသမီးက “အရင်က ခိုးတာတွေဘာတွေ ဖြစ်တာက ရပ်ကွက်တွေနဲ့ လမ်းကြားတွေမှာပဲ ကြားဖူးတာ။ အခုက လူသွားလူလာ မပြတ်တဲ့ မိန်းလမ်းမှာ ဖြစ်တာဆိုတော့ တအားဆိုးလာပြီ ကြောက်လာပြီ” လို့ ပြောပါတယ်။

‎‎ဒါ့အပြင် အိမ်ရှေ့နဲ့ လမ်းဘေးမှာထားတဲ့ ဆိုင်ခန်းရှိ ကော်ခုံ၊ သံခုံတွေပါ ခိုးယူခံနေရသလို ခြံဝန်းအတွင်းရှိ ပစ္စည်းတွေပါ ခိုးယူခံနေရကြောင်း အထက်ပါအမျိုးသမီးက ပြောဆိုပါတယ်။

‎အလားတူ လမ်းဘေး၊ အိမ်ရှေ့ စတဲ့နေရာမှာ ခဏတာ ရပ်ထားတဲ့ ဆိုင်ကယ်နဲ့ကားတွေလည်း မကြာခဏ ခိုးယူခံနေရတဲ့အပြင် လုယက်ခံရတာ၊ ဓားပြတိုက်ခံရတာလည်း မူဆယ်မှာ ဖြစ်ပွားနေကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဓားပြတိုက်ခံရသူ‌နဲ့ ပစ္စည်းခိုးယူခံနေရတဲ့သူတွေဟာ စစ်တပ်နဲ့ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပေမဲ့ အရေးတယူ ဆောင်ရွက်ပေးတာ မရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

‎မူဆယ်မြို့မှာ စစ်တပ်အပြင် ပြည်သူ့စစ်ပေါင်းစုံ ရှိနေပြီး မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေလည်း များလွန်းတာကြောင့် ခိုးမှု၊ ဓားပြတိုက်မှု၊ လုယက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။