ပပ၊ ဇွန်လ ၃၀ ရက်

‎အွန်လိုင်းဂိမ်းတစ်ခုဖြစ်တဲ့ စလော့ဂိမ်း ဆော့ကစားသူတွေကို သက်ဆိုင်ရာမြို့နယ်ရှိ တာဝန်သူတွေက ထိထိရောက်ရောက် အရေးယူပေးဖို့ လူထုတွေက တောင်းဆိုနေကြကြောင်း တန့်ယန်းဒေသခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎စလော့ဂိမ်း ဆော့ကစားသူတွေဟာ အိမ်ပေါင်၊ ကား ရောင်းတာနဲ့ တန်ဖိုးကြီးပစ္စည်းတွေ ရောင်းနေသလို ခိုးတာ၊ လုယက်တာ၊ ဓားပြတိုက်တာနဲ့ ပြန်ပေးဆွဲတာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

‎တန့်ယန်းမြို့ခံ အမျိုးသမီးက “တကယ်ဆိုရင် အဲဂိမ်းတွေ လုပ်သူရော အခုဆော့နေတဲ့သူတွေကိုပါ အကုန်ဖမ်းတာတွေ လုပ်ရမှာပေါ့။ ဒါပေမဲ့ လုပ်‌သူတွေကို ဖမ်းဖို့က ဖြစ်နိုင်ခြေ နည်းတယ်။ ဆော့တဲ့သူတွေကို အရင်ဆုံး ဖမ်းတာတို့ ပြစ်ဒဏ်တို့ ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့” လို့ ပြောပါတယ်။

‎၎င်းဂိမ်းကြောင့် မိသားစု တကွဲတပြား ဖြစ်ကြရသလို အိမ်တွင်းအကြမ်းဖက်မှုမျိုးစုံလည်း ဖြစ်နေတာ တွေ့ရတာကြောင့် တာဝန်ရှိသူတွေ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ရှမ်းတောင် ရွာငံမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

‎စလော့ဂိမ်းအပြင် တခြားဂိမ်းတွေဖြစ်တဲ့ ၆ ကောင်ဂျင်၊ ငါးပစ်ဂိမ်း စတဲ့ဂိမ်းနဲ့ မူးယစ်ဆေးဝါးမျိုးစုံ သုံးစွဲနေကြတာကြောင့် နေ့စဉ်နဲ့အမျှ ခိုးမှုတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

‎”လူကြီးတွေက ဖမ်းပေမဲ့ ပိုက်စိပ်တိုက်ဖမ်းတာ မဟုတ်တာကြောင့် ဆော့တဲ့သူက ဆော့တယ်။ ရှုံးရင် မိသားစုတွေကို ပြဿနာ ရှာတယ်။ ပတ်ဝန်းကျင်ကို နှောင့်ယှက်တယ်။ လူသတ်တယ်”

‎ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လ ဒုတိယအပတ်ကလည်း ရှမ်းတောင် ကလော၊ အောင်ပန်းနဲ့ ပင်းတယ ရွာငံ စတဲ့မြို့နယ်ထဲက စလော့ဂိမ်းဆော့တဲ့ ဒေသခံတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

‎စစ်ကောင်စီဘက်ကတော့ ကျားဖျန့်နဲ့ အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေးလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်နှိမ်နင်းသွားမယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာလည်း စလော့ဂိမ်းတွေကို တားမြစ်ဖို့ လိုအပ်နေပြီး စေလာ့ဂိမ်းကြောင့် ခိုးမှု၊ လုယက်မှုနဲ့ဓားပြတိုက်မှုတွေ ဖြစ်ပွားနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။