ရွှေဖီမြေ၊ ဇူလိုင် ၁ ရက်
လက်ဖက်မြေ ပညာရေးဖောင်ဒေးရှင်း- TLEF က ဦးစီးဖွင့်လှစ်မယ့် ၂ နှစ်ကြာ လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ်(၄)အတွက် သင်တန်းသူ သင်တန်းသားတွေ လျှောက်လွှာ တင်သွင်းနိုင်ဖို့ စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။
ဒီသင်တန်းက တအာင်းလူငယ်တွေကို နိုင်ငံရေး အတွေးအခေါ်၊ ဦးဆောင်နိုင်စွမ်းနဲ့ ဆုံးဖြတ်ချက် ချနိုင်စွမ်းတွေ မြှင့်တင်ပေးဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်နိုင်မယ့် လူငယ်ခေါင်းဆောင်တွေကို မွေးထုတ်ပေးမယ့် သင်တန်းကျောင်း ဖြစ်ပါတယ်။
သင်တန်းကာလကတော့ ၂ နှစ် ကြာမြင့်မှာဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ၊ တအာင်းဘာသာသုံးမျိုးနဲ့ သင်ကြားသွားမယ်လို့ ဆိုပါတယ်။
သင်တန်းကို လျှောက်ထားသူတွေဟာ အသက် ၁၈ ကနေ ၃၀ နှစ်အတွင်း ရှိရမှာဖြစ်ပြီး အနည်းဆုံး တက္ကသိုလ်ဝင်တန်း ၁၀ တန်း စနစ်ဟောင်းနဲ့ စနစ်သစ် ၁၂ တန်း အောင်မြင်ပြီးသူတွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။
လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် ၁ ကို ၂၀၁၆ ခုနှစ်က ပြင်ဦးလွင်မြို့မှာ ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် ၂ ကိုတော့ ၂၀၁၈ ခုနှစ် လားရှိုးမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
အပတ်စဉ် ၃ ကို နမ့်ဆန်မြို့နယ်ထဲ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ သင်တန်း ပြီးဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
ကျောင်းကို လျှောက်ထားလိုသူအနေနဲ့ လျှောက်လွှာဖောင်ကို https://drive.google.com/…/14U1xa5…/view… မှာ ရယူနိုင်သလို အောက်ပါဖုန်းနံပါတ် 09-778059480၊ 09-675245100၊ 09-264607536 အပြင် [email protected]၊ WhatsApp & Signal – 09-264175976၊ 09-675245100၊ 09-264607536 ကနေလည်း ဆက်သွယ်ရယူနိုင်ပါတယ်။
လိုင်းပေါ်ကနေ လျှောက်ထားလိုသူအနေနဲ့ https://ee-eu.kobotoolbox.org/x/itzRHgOF ထဲ ဝင်ရောက်ပြီးတော့ လျှောက်ထားနိုင်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။