ဖားကန့်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပြီး နေအိမ်တချို့ နစ်မြုပ်နေပြီး လူရာနဲ့ချီလည်း ရေဘေးသင့်နေ

ကချင်ပြည် ဖားကန့်မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပြီး နေအိမ်တချို့ နစ်မြုပ်နေတယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တမူး-ကလေးလမ်းကြောင်းပေါ်ရှိ NUG ထိန်းချုပ်ခဲ့တဲ့ ခမ်းပတ်မြို့ကို စစ်တပ် ပြန်သိမ်း

စစ်ကိုင်းတိုင်း ကလေး-တမူးလမ်းကြောင်းပေါ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ၂ နှစ်ကျော်ကြာ ထိန်းချုပ်ခဲ့တဲ့ တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကောင်စီက မနေ့ ဇွန်လ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ကျင်ဒွေးမြို့ကို လေကြောင်းနဲ့ တိုက်ခိုက်လို့ ၆ ဦး သေဆုံးပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရ

ချင်းညီနောင်- CB ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၆ ဦး သေဆုံးပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နေအိမ် မီးလောင်လို့ မြဝတီက ကလေးငယ် ၂ ဦး သေဆုံး

ထိုင်း-မြန်မာနယ်စပ်မြို့ ကရင်ပြည်နယ် မြဝတီမြို့မှာ နေအိမ်တစ်လုံး မီးလောင်တာကြောင့် ကလေးငယ် ၂ ဦး သေဆုံးခဲ့ကြောင်း မြို့ခံအမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖားကန့် ဆိပ်မူမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူရွာမှာ ဒီနေ့ ဇွန်လ ၁၉ ရက် နေ့လယ် ၁၂ နာရီကျော်က စစ်ကောင်စီရဲ့ ဖားကန့်ဗျူဟာကုန်းဘက်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြောက်ဥက္ကလာပမှာ ကျူးကျော်နေထိုင်လို့ဆိုပြီး အိမ်ခြေ ၅၀ ကျော်ကို စစ်တပ်က ဖယ်ရှားခိုင်းတာကြောင့် ကလေးအပါအဝင် လူ ၃ ရာနီးပါး အခက်တွေ့

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက်(၂)၊ သုဇိတာ (၁၃)လမ်းမှာ နေထိုင်တဲ့ အိမ်ခြေ ၅၀ ကျော်ကို ကျူးကျော်မြေဆိုပြီး အာဏာပိုင်တွေက ဖယ်ရှားခိုင်း‌ခဲ့တယ်လို့ အဲဒီနေရာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

NUG လက်အောက်ခံတပ်က ဖမ်းဆီးထားတဲ့ စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင် မိသားစုနဲ့ အဆက်အသွယ် မရသေး

အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ လက်အောက်ခံတပ်က ဖမ်းဆီးထားတဲ့ ဒေသကာကွယ်ရေးတပ် စစ်ကိုင်း PDF ရဲ့ ကွပ်ကဲရေးမှူး ကိုစစ်ငြိမ်းနိုင်နဲ့ ၄ ရက် ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

AA ထိန်းချုပ်တဲ့ မြို့ ၃ ခုမှာ စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ဒေသခံ ၁၀ ဦး သေဆုံး၊ ၂၄ ဦး ဒဏ်ရာရ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် ကျောက်တော်၊ ဂွနဲ့ ကျိန္တလီမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

မြိုင်မြို့နယ်က စစ်ရှောင်အမျိုးသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်မှာ မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့အနီးမှာ စစ်ကောင်စီနဲ့ ကရင်နီ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း ဗုံးကြဲတိုက်ခိုက်နေ

ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အနီးမှာ စစ်ကောင်စီနဲ့ ကရင်နီ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။