ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ICRC ကိုယ်စားလှယ် လာရောက်တွေ့ဆုံကြောင်း စစ်တပ် ထုတ်ပြန်လာ
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ သြဂုတ် ၃ ရက် မနက်ပိုင်းမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ- ICRC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque က လာရောက်တွေ့ဆုံခဲ့တယ်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်လာပါတယ်။