ဓာတ်ပုံ – WSP

ရွှေဖီမြေ၊ ဇူလိုင် ၃၀ ရက်

တချိန်က ရှမ်း​ပြည်မှာ နာမည်ကြီးပြီးလူသောက်များကြတဲ့ Yunyan, Hongtashan, Hongheနဲ့ Jinniu Huoju နာမည်ရှိ စီးကရက်တွေကို “ဝ” ပြည်တရားစီရင်ရေးကော်မတီ – WSP က ဖမ်းဆီးပြီး တရုတ်ထံ အပ်နှံခဲ့တယ်လို့ ၎င်းတို့ရဲ့ ဒီမနက် (ဇူလိုင် ၃၀ ရက်) ထုတ်ပြန်ချက်အရ သိရပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အဲဒီစီးကရက်တွေဟာ တရုတ်နိုင်ငံရဲ့ အမှတ်တံဆိပ်ကို ကူးယူထုတ်လုပ်တဲ့ စီးကရက်တွေဖြစ်တာကြောင့် အဲဒီစီးကရက်တွေကို ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေကိုပါ သိမ်းဆည်းကာ တရုတ်နိုင်ငံထံ အပ်နှံခဲ့တယ်လို့ ဖော်ပြပါတယ်။

ဓာတ်ပုံ – WSP

ဒါပေမဲ့ လွန်ခဲ့တဲ့ ၂၀၂၁ မတိုင်ခင်ကတည်းက “ဝ” ဒေသမှာ Yunyan, Hongtashan နဲ့ Honghe ဆေးလိပ်တွေကို တရားဝင်ထုတ်လုပ်ခွင့်ပေးခဲ့ပြီး အဲဒီဆေးလိပ်ထုတ်လုပ်တဲ့ စက်ရုံတွေကြောင့် ရှမ်းမြောက်ဒေသခံတွေနဲ့ အောက်ပြည်က အလုပ်သမားအများစုဟာ “ဝ​” ဒေသမှာ အလုပ်အကိုင်အခွင့်အလမ်း အများအပြားရစေခဲ့ပါတယ်။

၂၀၂၁ ကိုဗစ်ကာလနောက်ပိုင်းမှာတော့ အဲဒီစီးကရက်တွေဟာ ဈေးကွက်ထဲ တဖြည်းဖြည်းပျောက်ကွယ်လာပြီး ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တရုတ်ရဲ့ ကျားဖျန့်နှိမ်နှင်းမှုကြောင့် အဲဒီဆေးလိပ်စက်ရုံအများစုက ပိတ်သိမ်းခဲ့ကြရကာ Yunyan, Hongtashan နဲ့ Honghe ဆေးလိပ်တွေဟာ ဈေးကွက်ထဲ ပျောက်ကွယ်လုနီးပါးဖြစ်လာပါတယ်။

ဓာတ်ပုံ – WSP

ဒီဖမ်းဆီးလွှဲပြောင်းမှုအပြီး “ဝ” ပြည်တရားရေးကော်မတီဟာ တရုတ်နိုင်ငံဥပဒေစိုးမိုးရေးတွေနဲ့အတူ ရည်မှန်းချက်တူညီစွာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ဆက်လက်ပူးပေါင်းအားထုတ်ပြီး ညှိနှိုင်းစစ်ဆင်ရေးတွေကို ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။