လားရှိုးရှိ ဒေါက်တာ အရှင်ဝိဇယသာရကျောင်းမှာနေတဲ့ အောက်ပန်တောင်းရွာက ကိုရင် ၂ ပါး ၃ လကြာ ပျောက်ဆုံးနေ

ရှမ်းမြောက် လားရှိုးမြို့ရှိ ဒေါက်တာ အရှင်ဝိဇယသာရကျောင်းမှာ ကိုရင် ဝတ်နေတဲ့ နမ့်ဆန်မြို့နယ် အောက်ပန်တောင်းရွာက ကိုရင် ၂ ပါး ၃ လ ကြာတဲ့အထိ ပျောက်ဆုံးနေကြောင်း ဖခင်ဖြစ်သူရဲ့ ပြောပြချက်အရ သိရပါတယ်။

မူဆယ်မှာ တရုတ်တွေ ဦးဆောင်တဲ့ ကျားဖြန်လုပ်ကိုင်သူတွေကို ကြိုတင်အကြောင်းကြားထားပြီး ဟန်ပြဖမ်းဆီး၊ မြန်မာနိုင်ငံသား ၃၄ ဦး ဖမ်းဆီးခံရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာ ကျားဖြန်လုပ်ကိုင်သူ ၃၈ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

နမ့်ဆန်မှာ သက်ငယ်အဓမ္မပြုကျင့်မှု ကျူးလွန်သူ အမျိုးသားတစ်ဦးကို မြို့နယ်တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီး

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်မှာ သက်ငယ်မုအဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသားတစ်ဦးကို မြို့နယ်တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ TNLA က မေလ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဖားကန့်မှာ ဒရုန်း ကျရောက်ပေါက်ကွဲမှု‌ကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက ရပ်ကွက် ၄ မှာ ဒရုန်း ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ‌ဖြစ်စဉ်သိရှိသူ ဖားကန့် ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မှာ ပျောက်ဆုံးနေတဲ့ ရန်ကုန်က အမျိုးသမီးငယ်တစ်ဦး အခန်းတစ်ခုမှာ ထိန်းသိမ်းထားခံရ၊ လူကုန်ကူးခံရမှာကို မိသားစုဝင်က စိုးရိမ်နေ

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး ရန်ကုန်ကနေ တက်လာတဲ့ အသက် ၁၇ နှစ်အရွယ် မခင်သီတာစန်းဟာ မူဆယ်မြို့ရှိ အခန်းတစ်ခုမှာ ထိန်းသိမ်းထားခံရတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

CDF-Hakha ခေါင်းဆောင်အချင်းချင်း စကားများကနေ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဋ္ဌဟောင်း သေဆုံး

ချင်းကာကွယ်ရေးတပ် (ဟားခါး)အထွေထွေ အတွင်းရေးမှူးနဲ့ ဒုဥက္ကဋ္ဌဟောင်းတို့အကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ အငြင်းပွားမှု ဖြစ်ပွားရာကနေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒုဥက္ကဋ္ဌဟောင်း သေဆုံးသွားတယ်လို့ သိရပါတယ်။

တောင်ကြီးမှာ မိထွေးက ၄ နှစ်အရွယ် ကလေးကို ရိုက်နှက်သတ်ဖြတ်ပြီး အလောင်းဖျောက်ဖို့ ကြိုးစားချိန် ဖမ်းဆီးနိုင်ခဲ့

ရှမ်းတောင် တောင်ကြီးမြို့မှာ အမျိုးသားနဲ့ပါလာတဲ့ ၄ နှစ်အရွယ် ကလေးကို မိထွေးဖြစ်သူက ရိုက်နှက်သတ်ဖြတ်ပြီး အလောင်းဖျောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကွတ်ခိုင်မှာ ကျောင်းဖွင့်လိုရင် ကိုးကန့်တပ်ထံ ဆရာ ဆရာမနဲ့ကျောင်းသားဦးရေ တင်ပြရမှာဖြစ်ပြီး ကျောင်းသူကျောင်းသားဦးရေ ၅၀ အထက်ရှိမှ ကျောင်းဖွင့်ပေးမယ်လို့ဆို

ကိုးကန့်တပ်- MNDAA ပြန်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်က ကျေးရွာတွေမှာ စာသင်ကျောင်း ဖွင့်ချင်ရင် ကိုးကန့်တပ်ထံ စာတင်ရမှာဖြစ်ပြီး ကျောင်းသူကျောင်းသားဦးရေ ၅၀ အထက်ရှိမှ ကိုးကန့်တပ်ဘက်က ကျောင်းဖွင့်ပေးမယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကြာပန်းအပါအဝင် အမျိုးသားအားတိုးဆေး ၆ မျိုး သုံးစွဲဖို့ မသင့်ကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

အမျိုးသားအများစု အသုံးပြုနေကြတဲ့ တောင်ကြာပန်းအပါအဝင် အမျိုးသားအားတိုးဆေး ၆ မျိုးဟာ အနောက်တိုင်းဆေးတွေနဲ့ ရောနှောထားပြီး စံချိန်မညီတဲ့ တိုင်းရင်းဆေးဝါး ဖြစ်တာကြောင့် သုံးစွဲဖို့ မသင့်လျော်ကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

လားရှိုးမှာ ဝါယာကြိုး ရှော့ပ်ဖြစ်ရာကနေ ကုန်စုံဆိုင်တစ်ခု မီးလောင်၊ ကား ၂ စီးနဲ့ ဆိုင်ကယ် ၃ စီးလည်း မီးလောင်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၂ ရှိ ဆွယ်တော်ဖြူ ကုန်စုံဆိုင်မှာ ဝါယာကြိုး‌ ရှော့ပ်ဖြစ်ရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။