KIO က ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် သိန်း ၅၅၀ ကူညီလှူဒါန်း

ကချင်လွတ်လပ်ရေးအဖွဲ့- KIO က နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် သိန်း ၅၅၀ လှူဒါန်းခဲ့တယ်လို့ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ စာရင်းအရ သိရပါတယ်။

ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိပြီး အရပ်သားတစ်ဦး သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး ဒေသခံအမျိုးသားတစ်ယောက် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုက ဘာသာရေးဆရာ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းက ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃၈ နှစ်အရွယ် ဘာသာရေးဆရာတစ်ဦး သေဆုံးခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဘေးသင့်တဲ့ ကောင်းတပ်ရွာခံတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် UWSA နဲ့ SSPP က သိန်း ၁၀၀ စီ လှူဒါန်း

ဘေးသင့်တဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာက ဒေသခံတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် လားရှိုးမြို့ရှိ “ဝ”ဆက်ဆံရေးရုံးနဲ့ ရှမ်းတပ် SSPP က သိန်း (၁၀၀) စီ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

နမ့်ခမ်းကနေ ခင်ဦးဘက်ကို ကုန်သွားပို့တဲ့ အမျိုးသား ၂ ဦး အဆက်အသွယ်မရပဲ ပျောက်ဆုံးနေ

ရှမ်းမြောက် နမ့်ခမ်းမြို့နယ်ကနေ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ဘက်ကို ကုန်သွားပို့တဲ့ အမျိုးသား ၂ ဦး တစ်ပတ်ကြာတဲ့အထိ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ ၎င်းတို့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အီဒါခံင်မဝ်းပလှံင်အေဲမ်ကိုက်နီန် ဟည်ဂီုန်းဒေဲႈကဆဝ်း၊ ကဒါႇတံပ်ဆီုက်ခါင်ကဲ ဘိူည်တိုည်းမာ် ဆာ်အယ်ဒါရိူန်းကရောႈ ကဲႎီရ်ပ္လေႈဘိုး

တိုအီးခေဲင်အရာပ်ကဲ က္လာင်းတဆျှိုည်ဖီမျေဒါႈ တိုအီးဒါခံင်မဝ်းကဲ ဟည်ႎီရ်ဂီုန်းဒေဲႈဘိုး ခေဲင်လှံင်အေဲမ်ကိုက် ကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီႎီရ်ရောတ်ဘိုး ခြူမ်တည်းတံပ်ကိုးကာင်း MNDAA ကဲနီန် ဘည်ကတူႈအီးတဘြား ဂြိုကဲနီန်မာ် ဟည်ရာမ်ယိူဝ်းဒေဲႈ ကစံပ်ကစံပ်ယာ့်အောႏ။

“ဝ” ဒေသမှာ ကျားဖျန့်လုပ်မယ့် ဂိုဏ်းတစ်ခုကို ဖမ်းဆီးပြီး အဲမှာအလုပ်လုပ်ဖို့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၆၂ ဦးကိုလည်း ကယ်ထုတ်နိုင်

“ဝ”တပ်မတော် – UWSA ထိန်းချုပ်ဒေသထဲမှာ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖျန့်) လုပ်ကိုင်ဖို့ စီစဉ်နေတဲ့ ဂိုဏ်းတစ်ခုကို တားဆီးဖမ်းဆီးခဲ့ပြီး ကျားဖျန့်လုပ်ငန်းမှာ အလုပ်လုပ်ဖို့ ဖမ်းဆီးချုပ်နှောင်ခံရသူတွေနဲ့ လိမ်လည်လှည့်ဖျားခံရသူ ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ “ဝ” ပြည်တရားစီရင်ရေးကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

လားရှိုးမှာ ဆောက်လုပ်ရေးသုံးပစ္စည်း တင်ဆောင်တဲ့ ကား ၂ စီးကို အခွန်မဆောင်ကြောင်းပြောပြီး စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီး

ရှမ်းမြောက် လားရှိုးမြို့မှာ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ တင်လာတဲ့ ကား ၂ စီးကို အခွန်မဆောင်လို့ စွတ်စွဲပြီး စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးကြောင်း ဖြစ်စဉ်ကိုသိရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ မူယစ်ဆေးဝါးသုံးစွဲသူ သိသိသာသာများလာ၊ ကချင်တပ်ဖက်မှ ဖမ်းဆီးတာတွေ လုပ်နေပေမဲ့ ငွေနဲ့ ရွေးရင် ပြန်လွှတ်ပေးတာရှိ

ကိုးကန့်တပ် MNDAA ထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိနေတဲ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ များပြားလာပြီး ပစ္စည်းခိုးယူခံရမှုတွေလည်း ခပ်စိတ်စိတ် တွေ့လာရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်

ချင်းညီနောင် (CB) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အရပ်သား နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။