ရွှေဖီမြေ၊ ဇွန်လ ၂၇ ရက်၊ သီပေါ

စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ ရှမ်မြောက် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စုမှာ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျူးလွန်သူ အမျိုးသားဟာ စိုင်းစံဆိုသူဖြစ်ပြီး ၁၄ နှစ်အရွယ်သာ ရှိသေးတဲ့ ညီမဝမ်းကွဲဖြစ်သူကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က ရွာအပြင်ဘက် အလည်ခေါ်သွားကာ ဘော်ကြိုကျေးရွာအုပ်စု နမ့်ဟူးနွဲ့ရွာအနီးမှာရှိတဲ့ ငှက်ပျောခြံအရောက်မှာ အဓမ္မပြုကျင့်ခဲ့တာလို့ SSPP ထံ ထွက်ဆိုထားပါတယ်။

ဒါ့အပြင် ညီမဝမ်းကွဲဖြစ်သူကို အဓမ္မပြုကျင့်ပြီးတဲ့နောက် လည်ပင်းကိုညှစ်တာ၊ ပုလင်းကွဲနဲ့ လည်ပင်း၊ ဝမ်းဗိုက်တို့ကို အကြိမ်ကြိမ်ထိုးသတ်ကာ သေဆုံးပြီးနောက် အလောင်းကို ငှက်ပျောရွက်တွေနဲ့ ဖုံးအုပ်ကာ အလောင်း ဖျောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ် မိဘရဲ့ တိုင်ကြားချက်ကြောင့် စိုင်းစံကို SSPP က ဖမ်းဆီးထားပြီး အမှုကို SSPP ရဲ့ တရားဥပဒေအရ စစ်ဆေးအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကန့်တပ် -MNDAA ရဲ့ ဥပဒေအရ အဓမ္မပြုကျင့်သတ်ဖြတ်မှု ကျူးလွန်တဲ့ တရားခံကို သေဒဏ် စီရင်တာ ခံရနိုင်သလို တအာင်းတပ်- TNLA ရဲ့ ဥပဒေအရတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရနိုင်ပြီး ကျူးလွန်သူကို SSPP က ဘယ်လို တရားစီရင်မလဲဆိုတာတော့ မသိရသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။