ဖားကန့်မြို့နယ် လုံးခင်းရွာရှိ ပုဂ္ဂလိကဆေးရုံက ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၂၀ ဦးခန်ကို စစ်တပ်က ဖမ်းဆီးသွား၊ ပြန်လွှတ်ပေးဖို့ ဒေသခံတွေ တောင်းဆို

တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ဖားကန့်မြို့မှာ ပုဂ္ဂလိကဆေးရုံက ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၂၀ ဦးဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွှေဘိုအနောက်ခြမ်းက ကျေးရွာ ၁ ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ နွားနဲ့ဆိတ်တွေလည်း သေဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်းက ကျေးရွာ ၁ ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တန့်ဆည်မြို့က ကံထူးမရွာဈေးတန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်က ကံထူးမရွာဈေးတန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦး ရွှေဖီမြေကို ပြောပါတယ်။

သင်္ကြန်အတက်နေ့က မုံရွာမြို့နယ် လေကြောင်းတိုက်ခိုက်ရမှုမှာ သေဆုံးသူ ၂၁ ဦးထိရှိလာ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သင်္ကြန်အတက်‌နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူ ၂၁ ဦးထိ ရှိလာပြီလို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်လာပါတယ်။

ကျောက်မဲမှာ SP(သတင်းရဲတပ်ဖွဲ့)ရဲမှူးက ဒေသခံတွေကို လက်နက်ကိုင်တွေနဲ့ ပတ်သက်တယ်ဆိုပြီး မကြာခဏလူဖမ်းပြီး ငွေညှစ်တောင်းနေ၊ အချို့ကို ငွေ ရာနဲ့ချီတောင်းပြီး ပြန်လွှတ်ပေး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ ကျောက်မဲမြို့နယ်က ဒေသခံ ၁၀ ဦး ထက်မနည်းကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ သတင်းရဲတပ်ဖွဲ့(SP)က ဖမ်းဆီးသွားပြီးတော့ ၁ ဦးကို ငွေ သိန်း ၂၀ ကနေ သိန်း ၁၀၀ အထိ တောင်းယူပြီး ပြန်လွှတ်ပေးတာလို့ ကျောက်မဲ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ သံဃာတော်အပါအဝင် ၁၃ ဦးဒဏ်ရာရ

အာရက္ခတပ်တော်-AAထိန်းချုပ်တဲ့ မြောက်ဦးမြို့နယ်မှာ လေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် သံဃာတော်အပါအဝင် ဒေသခံ ၁၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

သင်္ကြန်အတက်နေ့မှာ မကွေးတိုင်း ပေါက်မြို့နယ်က ဝန်လဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိထားတယ်လို့ လူမှုရေးရာအလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနဆီက သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး မီးလောင်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ထားဝယ်ခရိုင် လယ်မူလား (ပုလေ)မြို့နယ် ပလောက်ကျေးရွာအုပ်စု ပြည်ခြားရွာထဲ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၃ လုံး မီးလောင်ခဲ့ပြီး ဒေသခံ ၂ ဦး မီးလောင်သေဆုံခဲ့တယ်လို့ KNU က ဒီနေ့ ဧပြီ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အရာတော်မြို့နယ် ကမ်းပြူရွာက ဘုန်းကြီးကျောင်း အသေခံဒရုန်းနဲ့ ဗုံးကြဲခံရလို့ သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကမ်းပြူရွာက ဘုန်းကြီးကျောင်း အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မင်းပြားမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပုလဲတောင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။