ချောက်မှာ PDF ရဲဘော် ၂၀ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရဲယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲဘော် ၂၀ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရဲယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိပ်ဖြူမြို့နယ် မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဖလမ်းမြို့မှာ ပျောက်ဆုံးနေတဲ့ ပညာရေးရုံးဝန်ထမ်းတစ်ဦး အသတ်ခံရပြီး ရုပ်အလောင်းပြန်လည်တွေ့ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ ပျောက်ဆုံးနေတဲ့ ပညာရေးခရိုင်ရုံးဝန်ထမ်း Pu Pate ရဲ့ ရုပ်အလောင်းကို မနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ Vankau ရပ်ကွက်၊ RC ဘုရားကျောင်းအနီးမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရာတော်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၃ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

MNDAA နဲ့ စစ်ကောင်စီတပ်တို့ လားရှိုးမှာ ထပ်မံတွေ့ဆုံပြီးနောက် စစ်သုံ့ပန်း ၄၀ ကျော်ပြန်လွှတ်

ကိုးကန့်တပ် – MNDAA နဲ့ စစ်ကောင်စီတပ်တို့ လားရှိုးမြို့ ဆင်၂ကောင်ဟိုတည်မှာ တွေ့ဆုံဆွေးနွေးမှု ပြလုပ်ပြီးတဲ့နောက် ကိုးကန့်တပ်ဖက်က ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၄၁ ဦး ပြန်လွှတ်လာတယ်လို့ တပ်မိသားစုဝင်တွေက လူမှုကွန်ရက်မှာ ရေးသားဖော်ပြနေကြပါတယ်။

မတ္တရာမြို့နယ်မှာ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြန်လည်ဖော်ဆောင်လာ၊ စစ်တပ်စခန်း ၂ ခု တိုက်ခိုက်ခံရ

တော်လှန်ရေးတပ်တွေဘက်က စစ်ကောင်စီတပ်ထံ လက်လွှတ်ခဲ့ရတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲမှာ စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖဘက်က သတင်းထုတ်ပြန်လာပါတယ်။

ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီးနောက် လားရှိုးမြို့ခံတွေ ဆီအလုအယက် ဝယ်ယူနေကြ၊ မြို့အဝင်အထွက်ကို စစ်ကောင်စီ လုံခြုံရေးတင်းကြပ်ထား

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တာကြောင့် မြို့ခံတွေ ဆီအလုအယက် ဝယ်ယူနေကြတယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ စဉ့်ကူးမြို့နယ်က ဒေသခံ ၅ ဦးဒဏ်ရာရ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကိုာပြောပါတယ်။

စစ်ကောင်စီတပ်က ရေကြောင်းကနေ လက်နက်ကြီး ၈၇ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဂွမြို့နယ်က ကလေးငယ်အပါအဝင် ဒေသခံ ၆ ဦးဒဏ်ရာရ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်ကို စစ်ကောင်စီတပ်က ရေကြောင်းကနေ လက်နက်ကြီး ၈၇ ကြိမ်အထိ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

တမူး-ကလေး လမ်းပိုင်းတိုက်ပွဲတွင်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး အိန္ဒိယဘက်ခြမ်းရဲ့ ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲပြီး အိန္ဒိယဘက်လည်း ပြန်လည်တုံ့ပြန် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တမူး-ကလေး လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ အိန္ဒိယဘက်ခြမ်း ကျပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

မိုးမိတ်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို တာဝန်ထမ်းဆောင်ဖို့ စစ်ကောင်စီ အသင့်ပြင်ထားခိုင်း

တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ စစ်ကောင်စီတပ် ပြန်ရခဲ့တဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာ တာဝန်ထမ်းဆောင်မယ့် ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်ကောင်စီဘက်က အသင့်ပြင်ထားခိုင်းတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။