ဝမ်ဟိုင်းကနေ ရခိုင်ကိုပို့မယ့် ၃၆ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိကြောင်း စစ်တပ်ထုတ်ပြန်

ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ဌာနချုပ်ရှိတဲ့ ရှမ်းတောင် ဝမ်ဟိုင်းကနေ ရခိုင်ပြည်နယ်ကို ပို့ဆောင်မယ့် ၃၆ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိကြောင်း စစ်တပ်ဘက်က မနေ့ သြဂုတ် ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကွတ်ခိုင်ရှိ စာပေနေ့အထိမ်းအမှတ် ဘောလုံးပွဲကို တအာင်းလူငယ်တွေက ဦးဆောင်ကျင်းပ၊ တအာင်းအလံနဲ့ပတ်သက်တဲ့ သင်္ကေတ၊အမှတ်အသား အသုံးပြုခွင့်ကို ကိုးကန့်တပ်က ပိတ်ထားပြီး အလံတံဆိပ်ရိုက်ထားတဲ့ အင်္ကျီတွေ ပြန်ဖျက်ရ

‎ကွတ်ခိုင်မြို့မှာ စာပေနေ့အထိမ်းအမှတ် အနေနဲ့ ဘောလုံးပြိုင်ပွဲကို ကွတ်ခိုင်ရှိ တအာင်းလူငယ်နဲ့ ဒေသခံတွေကသာ ဦးဆောင်ပြီး ကျင်းပခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

နမ့်ဖတ်ကာ အုပ်ချုပ်ရေးမှူးကို သတ်ဖြတ်ခဲ့တဲ့ တရားခံအမျိုးသားကို KIA ဖမ်းမိထား

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာက အုပ်ချုပ်ရေးမှူးကို သတ်ဖြတ်ခဲ့တဲ့ တရားခံအမျိုးသားကို ကချင်လွတ်‌မြောက်ရေးတပ်မတော် – KIA က ဖမ်းဆီးထားကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်‌ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ချင်းပြည်မြောက်ပိုင်းကို အထူးရဲကွန်မန်ဒို အင်အား ၁ ထောင်ကျော် ဖြည့်တင်းထား

ချင်းပြည်နယ်မြောက်ပိုင်းဘက်က မြို့နယ်တွေကို စစ်ကောင်စီက အထူးရဲကွန်မန်ဒိုအင်အား ၁ ထောင်ကျော် ပို့ဆောင်ထားတယ်လို့ ချင်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ကလေးမြို့မှာ လက်နက်ကိုင်ဆောင်ပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဓားခုတ်ခံရ

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ လက်နက်ကိုင်ဆောင်ပြီး လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူး(ဟောင်း) ဓားနဲ့ ခုတ်ခံရတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

နမ္မတူမြို့မှာ နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး ကျပ်သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေတွေ ပါသွား

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ ရပ်ကွက်(၂)ရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး ကျပ်သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေနဲ့ငွေသားတွေ ပါသွားတယ်လို့ အိမ်ရှင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် လားရှိုး ရောက်လာ၊ မြို့အဝင်အထွက်မှာ တောင်းနေတဲ့ ဂိတ်ကြေး လျှော့ပေးဖို့ ဒေသခံတွေ တောင်းဆို

စစ်ကောင်စီရဲ့ လွှတ်တော်ကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ဦးဆောင်တဲ့အဖွဲ့က လားရှိုးမြို့ကို ရောက်ရှိနေကြောင်း ရွှေဖီမြေရဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

လားရှိုးမြို့မှာ သူခိုးဖမ်းမိရင် အွန်လိုင်းပေါ်မတင်ဖို့ အုပ်ကြီးတွေက ပြောထားပေမဲ့ အမျိုးသမီးအတွင်းခံတွေကို ခိုးယူတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်သံဖိုင် အွန်လိုင်းပေါ် ထပ်မံပျံ့နှံ့

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်တွေထဲမှာ သူခိုးဖမ်းမိရင် လူမှုကွန်ရက်ပေါ်မတင်ဖို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေက စည်းရုံးထားပေမဲ့ အမျိုးသမီးတွေရဲ့ အတွင်းခံတွေကို လိုက်လံခိုးယူတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေ ဖမ်းမိတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ထပ်မံပျံ့နှံ့လာပါတယ်။

လားရှိုးရေကန်တောင်မှာ စစ်ကောင်စီတပ်က မူးယစ်ဆေးဝါးသုံးသူတွေကို ဖမ်းဆီးငွေညှစ်နေ၊ မပေးနိုင်သူတွေကို ရိုက်နှက်ပြီး ပြန်လွှတ်

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်- ၅ ရှိ ရေကန်တောင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါးသုံးစွဲသူတွေကို လိုက်လံဖမ်းဆီးကာ ငွေညှစ်တောင်းနေတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။

လားရှိုးမှာ ဖုန်းခိုးယူသွားသူ ၂ ဦးနဲ့ လက်ခံဝယ်ယူထားသူတွေကို ဖမ်းမိ

ရွှေဖီမြေ၊ ဩဂုတ် ၁ ရက်၊ လားရှိုး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ မနေ့ ဇူလိုင် ၃၁ ရက်က…