TNLA က ဘိန်းဖြူနဲ့ ယာမဆေးပြား လက်ဝယ်ထားတဲ့ အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၇ နှစ်ချမှတ်၊ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ တရားစီရင်တာဖြစ်

ရွှေဖီမြေ၊ စက်တင်ဘာ ၂ ရက်၊ မိုင်းလုံ တအာင်းတပ်မတော် – PSLF/TNLA က မိုင်းလုံမြို့နယ်အတွင်းမှာ နေထိုင်ပြီး မူးယစ်ဆေးဝါးလက်ဝယ်ထားတဲ့…

ထိုင်းနိုင်ငံဘက် တင်ပို့မယ့် မူးယစ်ဆေးပြား ၂ သန်းကျော် UWSA က ကြားဖြတ်ဖမ်းဆီးရမိ

ရွှေဖီမြေ၊ ဩဂုတ် ၃၁ ရက်၊ မိုင်းတုန် ရှမ်းအရှေ့ မိုင်းဆတ်ခရိုင် မိုင်းတုန်မြို့နယ် ပုံပါကျင်မြို့ထဲက မြန်မာ-ထိုင်းနယ်စပ်တစ်နေရာမှာ မက်သာဖက်တမင်း ၁၁…

ပြန်လည် ကြီးထွားလာတဲ့ မန်တုံမြို့နယ်ထဲက မူးယစ်ဆေးဝါး ပြဿနာ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ်အတွင်းက ကျေးရွာတချို့မှာ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ရောင်းဝယ်သူတွေ ပြန်လည် ကြီးထွားလာတာကြောင့် လူထုတွေကြား စိုးရိမ်မှု ပြန်လည်မြှင့်တက်လာပါတယ်။

ဝမ်ဟိုင်းကနေ ရခိုင်ကိုပို့မယ့် ၃၆ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိကြောင်း စစ်တပ်ထုတ်ပြန်

ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ဌာနချုပ်ရှိတဲ့ ရှမ်းတောင် ဝမ်ဟိုင်းကနေ ရခိုင်ပြည်နယ်ကို ပို့ဆောင်မယ့် ၃၆ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိကြောင်း စစ်တပ်ဘက်က မနေ့ သြဂုတ် ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

“ဝ”က ဖမ်းဆီးရမိတဲ့ ကျပ်သိန်း ထောင်နဲ့ချီ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို တရုတ်ထံ ထပ်မံ လွှဲပြောင်းပေး

“ဝ”ပြည် တရားရေးကော်မတီ- WSP က ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး (ICE, Heroin, Ephedrine) စုစုပေါင်း ၁၇.၂ ကီလိုဂရမ်ကို တရုတ်ထံ ထပ်မံ လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ကွတ်ခိုင်မှာ KIA က မူးယစ်ဆေးဝါးသုံးစွဲလို့ ယူဆသူတွေကို ဖမ်းဆီးပြီး ငွေပေးနိုင်တဲ့သူကိုသာ ပြန်လွှတ်ပေးနေ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာတချို့က ဒေသခံတွေကို မူးယစ်ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူတွေကို ကချင်တပ်မတော် KIA က ဖမ်းဆီးပြီး ငွေပေးနိုင်တဲ့သူကိုသာ ပြန်လွှတ်ပေးနေကြောင်း ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ သူတွေနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

နမ္မတူမြို့နယ်ထဲ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်း သိမ်းဆည်းထားသူတစ်ဦး ဖမ်းဆီးရမိ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်အတွင်း မူးယစ်ဆေးဝါး၊ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်း သိမ်းဆည်းထားသူတစ်ဦးကို မြို့နယ် တအာင်းရဲတပ်ဖွဲ့နဲ့မူးယစ်အထူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

လားရှိုးရေကန်တောင်မှာ စစ်ကောင်စီတပ်က မူးယစ်ဆေးဝါးသုံးသူတွေကို ဖမ်းဆီးငွေညှစ်နေ၊ မပေးနိုင်သူတွေကို ရိုက်နှက်ပြီး ပြန်လွှတ်

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်- ၅ ရှိ ရေကန်တောင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါးသုံးစွဲသူတွေကို လိုက်လံဖမ်းဆီးကာ ငွေညှစ်တောင်းနေတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။

Two men die after ketamine overdose at Muse KTV

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာ အမျိုးသား ၃ ဦး က KTVတစ်ခုမှာ အသုံးများတဲ့ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ K ရှူလွန်ပြီး ၂ ဦး သေဆုံးသွားကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။