Browsing Category
နယ်စပ်သတင်း
23 posts
တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားကို ဆက်တိုက် ဖမ်းဆီးပြီး မိုင်းလားတပ်ထံ တရုတ်က ပို့နေ၊ အယောက်ပေါင်း ၃ ထောင်ကျော် ရှိပြီလို့ဆို
အမျိုးသားဒီမိုကရေတစ် မဟာမိတ်တပ်မတော်ခေါ် မိုင်းလားတပ်မတော်- NDAA ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ မိုင်းလားမြို့ကနေ တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက် ဖမ်းဆီးခံနေရတယ်လို့ အလုပ်သမားတွေကို ကူညီပေးသူတွေက ပြောပါတယ်။
မူဆယ် ဂိမ်းဆိုင်မှာ ချစ်သူရည်းစားပြဿနာကြောင့် သေနတ်နဲ့ပစ်ခံရလို့ အမျိုးသားတစ်ဦး သေဆုံး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့က ဂိမ်းဆိုင်တစ်ခုမှာ ချစ်သူရည်းစားပြဿနာကြောင့် သေနတ်နဲ့ပစ်ခံရလို့ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဖြစ်စဉ်သိရှိသူ ၎င်းနဲ့နီးစပ်တဲ့ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
မိုင်းလားကနေတစ်ဆင့် တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော် တရုတ်ဘက်က ဖမ်းဆီးပြီး NDAA ထံ လွှဲပြောင်း၊ NDAAက စစ်ကောင်စီထံ ပြန်ပို့နေတယ်လို့ အလုပ်သမားတွေပြော
အမျိုးသားဒီမိုကရေတစ်မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ မိုင်းလားမြို့ကနေ တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို တရုတ်ရဲတွေက ဖမ်းဆီးပြီး ပြန်ပို့ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
တရုတ်နိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ရာနဲ့ချီကို ဖမ်းဆီးခံရပြီး မိုင်းလားတပ်ထံ တရုတ်လွှဲပေး၊ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေ စစ်ကောင်စီတပ်ထံ ပို့ဆောင်ခံရ
တရုတ်နိုင်ငံမှာ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲတွေက ဖမ်းဆီးပြီး တရုတ်-မြန်မာနယ်စပ် အခြေစိုက် မိုင်းလားတပ် (NDAA) ထံ လွှဲပြောင်းပေးနေတယ်လို့ တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတွေက ရွှေဖီမြေကို ပြောပါတယ်။