ဓာတ်ပုံ – Local

‎ပပ၊ ဩဂုတ် ၂၄ ရက်၊ တာချီလိတ်

‎ရှမ်းအရှေ့ တာချီလိတ်မြို့မှာ ဦးခေါင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း မြို့ခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မနေ့ ဩဂုတ် ၂၃ ရက် ည ၈ နာရီဝန်းကျင်မှာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် တော်ကော့တွင်း ၄ လမ်းရှိ လိုမာ ဟိုတယ်အနီးမှာ အသက် ၃၀ ကျော်အရွယ် အလောင်းနဲ့အတူ ဘေးမှာ ကျည်ဆံ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

‎မြို့ခံအမျိုးသားက “ပစ်တဲ့အချိန် အနီးအနားက အိမ်တွေလည်း သတိမထားမိဘူး။ အသံတော့ ကြားကြတယ်တဲ့။ အနီးကပ် ပစ်တာဆိုတော့ အသံ အဲလောက်မကျယ်တာဖြစ်မယ်” လို့ ပြောပါတယ်။

‎သေဆုံးသူရဲ့ အမျိုးသားဟာ ဆန်ဆိုင်း (က)ရပ်ကွက်နေ အသက် ၃၇ နှစ်အရွယ် စိုင်းလှ ဖြစ်တယ်လို့ ၎င်းနဲ့အတူ ပါလာတဲ့ မှတ်ပုံတင်အရ သိရပါတယ်။

‎မနေ့ည ၈ နာရီမှစ စစ်တပ်နဲ့ရဲတပ်ဖွဲ့က တာချီလိတ်မြို့တွင်းရှိ ရပ်ကွက်တွေထဲ ကင်းလှည့်နေပြီး သွားလာတဲ့ လူထုတွေကို ရှောင်တခင် စစ်ဆေးနေကြောင်း နောက်ထပ် မြို့ခံအမျိုးသမီးက ပြောဆိုပါတယ်။

‎”မနေ့ည ၁၀ နာရီလောက် အပြင်ကနေ ပြန်လာတဲ့အချိန် ညဈေးနားက လမ်းမှာ စစ်ခံလိုက်ရသေးတယ်။ လက်ကိုင်အိတ် အကုန်ဖွင့်ကြည့်တယ်”

‎အလားတူဖြစ်စဉ်မျိုး တာချီလိတ်မြို့မှာ မကြာခဏ ဖြစ်ပွားနေပေမဲ့ သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းပေးတာ မရှိတဲ့အပြင် ဟန်ရေးပြအနေနဲ့ စစ်ကောင်စီက မြို့တွင်း ကင်းလှည့်တာတွေ လုပ်နေကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။

‎တာချီလိတ်မှာ ကျားဖျန့်အပြင် လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါး အလွယ်တကူ ရနေတာကြောင့် ဒေသခံတွေ မကြာခဏ ပစ်သတ်ခံရတာ၊ ဓားပြတိုက်ခံရတာနဲ့ ပြန်ပေးဆွဲခံရတာတွေ ဖြစ်ပွားနေတာကို တွေ့နေရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

လားရှိုးမြို့ မောင်နှမ ၂ဦးသာရှိတဲ့ နေအိမ်တစ်

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က နေအိမ်တစ်ခုမှာ အနုကြမ်းစီး ဓားပြတိုက်ခံရပြီး နေအိမ်ရှိ အမျိုးသမီး ၂ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

အမှိုက်ကား ပုံမှန်မလာတာကြောင့် မူဆယ်ဒေသခံတွေက အမှိုက်ကို ကြုံသလို စွန့်ပစ်နေရလို့ အနံ့ဆိုး ထွက်နေ

စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အမှိုက်ကား ပုံမှန်မလာတာကြောင့် အမှိုက်ကို ကြုံသလို စွန့်ပစ်နေရတာကြောင့် ပတ်ဝန်းကျင်မှာ နေထိုင်သူတွေက အနံ့ဆိုးတွေ နေ့တိုင်း ရှူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုး ဟူးမွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်အဖြစ် မဲအနိုင်ရခဲ့သူကို အုပ်ချုပ်ရေးမှူးအဟောင်းက နေရာမဖယ်ပေး

ရှမ်းမြောက် လားရှိုးမြို့နယ် ဟူးမွန်ကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးအသစ် ဆန္ဒမဲနဲ့ ရွေးချယ်မှုပြုလုပ်ခဲ့ပြီး ဒေသခံတွေရွေးချယ်တင်မြှောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးအသစ်ကို ကိုးကန့်တပ် – MNDAA နဲ့ ပက်သက်မှုရှိလို့ဆိုပြီး အုပ်ချုပ်ရေးမှူးဟောင်းက နေရာမဖယ်ပေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လားရှိုးမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ အလုပ်အကိုင်မရှိတဲ့ လူငယ်တွေကို လစာကောင်းပေးမယ်ဆိုပြီး စစ်မှုထမ်းကြဖို့ စစ်ကောင်စီ လိုက်လံစည်းရုံးနေ

ရှမ်းမြောက် လားရှိုးမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ အလုပ်အကိုင်မရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းကြဖို့ စစ်ကောင်စီနဲ့ ၎င်းရဲ့ လက်အောက်ခံရဲတွေက လိုက်လံစည်းရုံးနေတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။