ဓာတ်ပုံ – SAC

ပပ၊ ဇူလိုင် ၇ ရက်

‎မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ကြားရှိ ဘန့်ဘွေးရွာက လင်မယား ၂ ဦးကို တော်လှန်ရေးတပ်နဲ့ ပတ်သတ်ကြောင်း စွပ်စွဲပြီး နောင်ချိုရှိ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးရိုက်နှက်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်နေတယ်လို့ ဖြစ်စဉ်ကိုသိရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်မှာ ၎င်းအသက် ၂၀ ကျော်အရွယ် လင်မယား ၂ ဦးဟာ နောင်ချိုမြို့သို့ ဈေးသွားဝယ်ပြီးအပြန်မှာ စစ်ကောင်စီတပ်က စစ်ဆေးပြီး တော်လှန်ရေးတပ်နဲ့ ဆက်စပ်တယ်ဆိုတယ် စွပ်စွဲချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

‎ဖြစ်စဉ်သိကသူ အမျိုးသားက “ပြန်တော့ လွတ်လာပြီ။ နှစ်ယောက်လုံး ခေါင်းနဲ့ ကျောပြင်၊ ခြေထောက်မှာ ဒဏ်ရာတွေဘဲ။ အခုက လုံခြုံတဲ့နေရာမှာ ဆေးကုနေတာ” လို့ ပြောပါတယ်။

‎ဖမ်းဆီးခံရချိန်မှာ နောင်ချိုရှိ စစ်ကောင်စီတပ်က ခန္ဓာကိုယ်အနှံ့ကို သေနတ်ဒင်နဲ့ တုတ် စတာတွေနဲ့ ရိုက်နှက်ခဲ့ပြီး တော်လှန်ရေးတပ်နဲ့ ဆက်စပ်ကြောင်း အတင်းအဓမ္မ ဝန်ခံခိုင်းခဲ့တာကိုလည်း အထက်ပါအမျိုးသားက ဆိုပါတယ်။

‎”သူတို့နှစ်ယောက်‌ပြောတာက နင်တို့က သူပုန်တွေမလားတဲ့။ pdf တွေလားတဲ့။ မဟုတ်ပါဘူးလို့ ပြောလည်း မရဘူး။ စစဖမ်းတဲ့ ၂ ရက် တအားရိုက်တာ။ အဲနောက်တော့ မရိုက်တော့ဘူးတဲ့။ အနာနဲနဲသက်သာမှ ပြန်လွှတ်ပေးတာ” လို့ အထက်ပါအမျိုးသားက ပြန်ပြောပြပါတယ်။

‎၎င်းလင်မယား ၂ ဦးဟာ ကျောက်မဲမြို့မှ ဒေသခံဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ၂၀၂၅ နှစ်ကုန်ပိုင်းမှ ဘန့်ဘွေးရွာကို ပြောင်းရွှေ့လာနေကြတာလို့ ဆိုပါတယ်။

‎အလားတူ ဘန့်ဘွေးရွာအနီးရှိ ဝက်ဝံဂိတ်နဲ့ ပြင်ဦးလွင်အဝင်ဂိတ်မှာလည်း ခရီးသွားနဲ့ ဒေသခံ တွေကို စစ်ကောင်စီတပ်က မကြာခဏ စစ်ဆေးပြီး ဖမ်းဆီးရိုက်နှက်တာတွေ ပြုလုပ်လျက်ရှိနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။