ပြင်ဦးလွင်အနီး ဘန့်ဘွေးရွာက လင်မယား ၂ ဦးကို တော်လှန်ရေးတပ်နဲ့ ပတ်သတ်ကြောင်း စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးရိုက်နှက်ခဲ့လို့ ဒဏ်ရာအပြင်းထန်ရ
မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ကြားရှိ ဘန့်ဘွေးရွာက လင်မယား ၂ ဦးကို တော်လှန်ရေးတပ်နဲ့ ပတ်သတ်ကြောင်း စွပ်စွဲပြီး နောင်ချိုရှိ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးရိုက်နှက်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်နေတယ်လို့ ဖြစ်စဉ်ကိုသိရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။