ဓာတ်ပုံ – မကွေး PDF

ရွှေဖီမြေ၊ ဇူလိုင် ၆ ရက်၊ ပေါက်

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုစုကျေးရွာမှာ PDF တပ်ဖွဲ့ဝင်တွေအပါအဝင် အရပ်သား ၁၁ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ မကွေးတိုင်း ပကဖက မနေ့ ဇူလိုင် ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကုက္ကိုစုကျေးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ရဲ့ PDF နဲ့ အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေကို ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထံက တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း ပကဖရဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်က ကုက္ကိုစုကျေးရွာအနီးရှိ လူထု ၁၃ ဦးအပါအဝင် PDF ရဲဘော် ၂ ဦးနဲ့ အတည်မပြုနိုင်သေးသူ ၂ ဦးကို ဖမ်းဆီးခဲ့ရာ ၉ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သတ်ဖြတ်ခံရတဲ့သူတွေထဲက ၂ ဦးကို စစ်ကောင်စီတပ်ဘက်က အရှင်လတ်လတ် မီးရှို့ခဲ့တဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ပြီး ကျန် ၆ ဦးကိုတော့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အတွင်း အာမခံပေးတဲ့သူရှိလို့ ရိုက်နှက်ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပေါက်ပကဖ တပ်ဖွဲ့ဝင် ၂ ဦးကိုလည်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရေပြာရဲစခန်းနဲ့ ပျူစောထီးကျေးရွာဖြစ်တဲ့ ကုက္ကိုစုကျေးရွာကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်မှာ တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း အလင်းဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၆ ဦးအပါအဝင် ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ မကွေးတိုင်း PDF က ဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။