ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁ ရက်၊ နမ္မတူ

‎နမ္မတူ-မန်တုံ ပြည်ထောင်စုလမ်းမပေါ်မှာ ယာဉ်တိုက်မှာဖြစ်လို့ အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

‎ဇန်နဝါရီ ၃၀ ရက် မနက် ၉ နာရီ ဝန်းကျင်မှာ မန်တုံကနေလာတဲ့ ကုန်တင်ယာဉ်တစ်စီးနဲ့ နမ္မတူမှလာတဲ့ ဆိုင်ကယ်နဲ့ အမျိုးသားက မျက်နှာချင်းဆိုင်တိုက်ပြီး ဦးခေါင်းက ဒဏ်ရာကြောင့် နမ္မတူ ဆေးရုံသို့ ပို့ဆောင်ပေးပြီး ဇန်နဝါရီ ၃၁ ရက်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

‎သေဆုံးသူဟာ မန်တုံမြို့နယ် မော်လုံးကျေးရွာက‌ အသက် ၁၆ နှစ်အရွယ် မောင်ကျော်အောင်ဖြစ်တယ်လို့ ဆိုပါတယ်။

‎ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားတာဟာ ဆိုင်ကယ်နဲ့ ကား မောင်းသူတွေက အရှိန်တင်မောင်းတာကြောင့်နဲ့ လမ်းကျဉ်းတာကြောင့် ဖြစ်တယ်လို့ နမ္မတူမြို့နေ အမျိုးသမီးက ဆိုပါတယ်။

‎”ဒီတလော ကားကြီးတွေလည်း ဖြစ်သလိုမောင်းကြတယ်။ ဆိုင်ကယ်သမားတွေလည်း လမ်းကျော်မောင်းကြတယ်။ အကုန်လုံးက စည်းကမ်းရှိဖို့ လိုတယ်” လို့ ပြောပါတယ်။

‎ယာဉ်တိုက်မှုတွေ လျော့ကျဖို့ အသက်မပြည့်တဲ့ ကလေးတွေကို ယာဉ်တွေ ပေးမမောင်းသင့်တဲ့အပြင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိုလည်း ပိုတင်းကြပ်ဖို့ သက်ဆိုင်ရာတွေကို တိုက်တွန်းလိုကြောင်း အထက်ပါ အမျိုးသမီးက ဆိုပါတယ်။

‎အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လကလည်း နမ္မတူ-မန်တုံ လမ်းပေါ်မှာ ကားတစ်စီး ချောက်ထဲကျလို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့အမျိုးသား ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးလို့ ၁ ဦးသေ တစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့နယ် အေးသာယာမြို့မှာ ကားအရောင်းအဝယ်လုပ်တဲ့ ညီအစ်ကို ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးသွားလို့ ညီလေးဖြစ်သူသေဆုံးပြီး အစ်ကိုဖြစ်သူက ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ကိုးကန့်တပ် ဖမ်းဆီးထားတဲ့ မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်လာပြီး ၅ဦး ကျန်ရှိနေ

ကိုးကန့်တပ်-(MNDAA) ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လားရှိုးမြိနယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်ပေးတာဖြစ်ပြီး ၅ ဦးကိုတော့ ကိုးကန့်တပ်က လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

တာချီလိတ်မှာ အမျိုးသမီးတစ်ဦး ကလေးမွေးပြီး အိမ်သာမှာ စွန့်ပစ်ခဲ့

ရှမ်းပြည်အရှေ့ပိုင်းက တာချီလိတ်မြို့မှာ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားပြီး အိမ်သာမှာ သွားရောက်စွန့်ပစ်ခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ တာချီလိတ်မြို့ခံတွေဆီက သိရပါတယ်။