ဓာတ်ပုံ – SSPP Info

ရွှေဖီမြေ၊ ဩဂုတ် ၃၁ ရက်၊ သီပေါ

အသက် ၁၄ နှစ်အရွယ်သာ ရှိသေးတဲ့ ညီမဝမ်းကွဲကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် စိုင်းစံခေါ် စိုင်းဆာစံကို ရှမ်းတပ်မတော်- SSPP/SSA ရဲ့ အထက်တရားရုံးက သေဒဏ် ချမှတ်လိုက်တယ်လို့ SSPP က သတင်းထုတ်ပြန်လာပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်မှာ စိုင်းစံက ညီမဝမ်းကွဲဖြစ်တဲ့ နန်းစံဟွမ်ကို အလုပ်သွားရှာပေးမယ်ဆိုပြီး သီပေါမြို့နယ် ဘော်ကြိုကျေးရွာအုပ်စု နမ့်ဟူးရွာအနီးဝန်ကျင်မှာရှိတဲ့ ငှက်ပျောခြံတစ်ခြံအရောက်မှာ အဓမ္မပြုကျင့်ခဲ့တာပဲ ဖြစ်ပါတယ်။

အဓမ္မပြုကျင့်ပြီးနောက် နန်းစံဟွမ်ကို လည်ပင်းညစ်ကာ ပုလင်းကွဲနဲ့ လည်ပင်း၊ ဝမ်းဗိုက်ကို အကြိမ်ကြိမ် ထိုးသတ်ပြီး အလောင်းကို ငှက်ပျောပင်အောက်မှာ စွန့်ပစ်ခဲ့တယ်ဆိုပြီး စိုင်းစံက SSPP ထံ ထွက်ဆိုထားပါတယ်။

SSPP ရဲ့ တရားရုံးမှာ စစ်ဆေးပြီးနောက် သေဒဏ်ချမှတ်ဖို့ ဆုံးဖြတ်ချက် ချပြီးတော့ မနေ့ ဩဂုတ် ၃၀ ရက်မှာ စိုင်းစံကို သေဒဏ် စီရင်လိုက်တာပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

နမ္မတူမှာ သက်ငယ်အဓမ္မပြုကျင့်မှု ထပ်မံဖြစ်ပွါးပြီး ကျူးလွန်သူကို တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီး

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်ထဲက နောက်ထပ်ကျေးရွာတစ်ခုမှာ သက်ငယ်အဓမ္မပြုကျင့်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

နမ္မတူမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အိမ်နီးချင်း အမျိုးသားက အဓမ္မပြုကျင့်

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် ပန်ဆော့ကျေးရွာအုပ်စုက ကျေးရွာတစ်ခုမှာ အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အိမ်နီးချင်းဖြစ်သူ အသက် ၂၂ အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြုကျင့်ခံရသူရဲ့ မိသားစုဝင်တွေစီက သိရပါတယ်။

နမ့်ဆန်မှာ သက်ငယ်အဓမ္မပြုကျင့်မှု ကျူးလွန်သူ အမျိုးသားတစ်ဦးကို မြို့နယ်တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီး

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်မှာ သက်ငယ်မုအဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသားတစ်ဦးကို မြို့နယ်တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ TNLA က မေလ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သက်ငယ်မုဒိမ်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်ခဲ့တဲ့ တရားခံ မင်းမင်းစိုးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြို့နယ်တရားရုံးမှ သေဒဏ်ချမှတ်

မကွေးတိုင်း ဆောမြို့ မှာ သက်ငယ်မုဒိမ်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်ခဲ့တဲ့ တရားခံ မင်းမင်းစိုးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြို့နယ်တစ်ခုရဲ့ တရားရုံးက ဧပြီ ၂ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့တယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ထားပါတယ်။