ပို့လဘား၊ ဇူလိုင်လ ၁၅ ရက်၊ ရှမ်းတောင်
မွေးရာပါမျက်စိရောဂါပါလာတဲ့ အသက် ၈ နှစ်အရွယ်ရှိတဲ့ မိုင်းနောင်မြို့နယ်က ကလေးတစ်ဦး ခွဲစိတ်ကုသဖို့ အကူအညီလိုအပ်နေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ် မိုင်းယန်းကျေးရွာက အသက် ၈ နှစ် အရွယ်ရှိတဲ့ အေအိုးဟာ မွေးရာပါ မျက်စိရောဂါ ပါလာတာကြောင့် ခွဲစိတ်ကုသဖို့ ငွေကြေးအကူအညီလိုအပ်နေတာ ဖြစ်ပါတယ်။
“သူတို့က ဘာမှမရှိတဲ့မိသားစုထဲလည်း ပါတယ်။ ပြီးခဲ့တဲ့အပတ်က အလှူငွေခံရတဲ့ငွေနဲ့ တောင်ကြီးဘက်မှာ ဆေးကုဖို့ သွားတယ်။ အဲမှာရောက်တော့ သူတို့ပြောတာ ရန်ကုန်ဘက်သွားရမယ်ဆိုပြီး သူတို့ ပိုက်ဆံမလောက်လို့ ပြန်လာလိုက်တာ။ အဲဆရာဝန်ပြောတာတော့ ခွဲစိတ်မယ်ဆိုရင် သိန်း ၅၀ ကျော်ကုန်မယ်လို့ပြောတာပဲ။ သူအဲလိုဖြစ်နေတာ တခါတလေ ယားတယ်လို့ သူပြောတယ်။ မျက်ရည်ခဏခဏထွက်တယ် မျက်ချေးထွက်တယ်”
မွေးရာပါမျက်စိ ရောဂါပါလာတဲ့ အေအိုးဟာ မိသားစုအနေနဲ့လည်း ငွေကြေးအခက်အခဲနဲ့ ကြုံတွေ့နေရတာကြောင့် ကလေးငယ်ကို စနစ်တကျ ဆေးကုသမှုနဲ့ ခွဲစိတ်မှု ပြုလုပ်နိုင်ဖို့အတွက် အကူအညီလိုအပ်နေတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။