ဓာတ်ပုံ – CJ

လွေးလာဝ်ဇာရ်၊ ဖေဖော်ဝါရီ ၁၉ ရက်၊ မိုးကုတ်

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တအာင်းတပ်မတော် PSLF/TNLA ထံကနေ ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ် သစ်ဆိမ့်ကုန်းရွာက အမျိုးသား ၁ ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၅ နာရီခွဲကျော်မှာ ခြံထဲကို ဖော့ဖူး သွားကောက်ရင်းနဲ့ မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။

မိသားစုဝင်နဲ့ နီးစပ်သူ တစ်ဦးက “ဟုတ်တယ်။ ရွာနဲ့ အနီးဆုံး ကပ်နေတာက သူ့ခြံပဲ ဆိုတော့။ မိုင်းတွေ မရှိဘူး ပြောလို့ သူသွားတာ။ အရဲစွန့်ပီး အဲ့နေ့မှသွားတာတဲ့။ သူ့ရဲ့ ခြေထောက်တစ်ဖက်တော့ ပြတ်ထွက်သွားတယ်။ ရွာမှာ မိုင်းထိတာ ဒီတစ်ကြိမ်နဲ့ဆို နှစ်ကြိမ်ရှိပြီ။ ရွာကလူတွေ ဘယ်မှမသွားရဲကြဘူး။ ကြောက်နေကြတယ်” လို့ ပြောပါတယ်။

မိုင်းနင်းမိတဲ့သူ အမျိုးသားဟာ အသက် ၄၄ နှစ်အရွယ် ကိုအိုက်စိုင်းဆိုသူဖြစ်ပြီး မိုးကုတ်မြို့ အနောက်ပိုင်း သစ်ဆိမ့်ကုန်းရွာမှာ နေထိုင်သူဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ၎င်းမိုင်းနင်းသူအမျိုးသားဟာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာသာ ဆေးကုသမှုခံယူနေဆဲ ဖြစ်တာကြောင့် ဆေးကုသဖို့အတွက် အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တုန်းကလည်း အဲဒီသစ်ဆိမ့်ကုန်းရွာက အသက် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးလည်း မိုင်းနင်းမိခဲ့ပြီး ခြေနှစ်ဖက် ပြတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

‎လုပ်ကိုင်စားသောက်ဖို့ လိုအပ်တာကြောင့် သက်ဆိုင်ရာတွေက စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးကြဖို့ ရွာခံတွေက တောင်းဆိုနေကြပါတယ်။

စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။