ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပါအဝင် စစ်ကောင်စီတပ်ကလည်း ဒေါ်လာ ဘီလီယံ သန်းချီတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီအထဲမှာ တအာင်းတပ်- PSLF/TNLA ကလည်း ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ ကျပ်ငွေ ၂၀ ဘီလီယံ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပေမဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်ရှိနေပါတယ်။

အပြည့်အစုံကို ရွှေဖီမြေက ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အပတ်စဉ်သတင်းစုစည်းဆင်မှု

အပတ်စဉ်တင်ဆက်ပေးနေကြရွှေဖီမြေရဲ့ ရုပ်သံသတင်းကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ်သတင်းတွေကို လွေးထွေးက စုစည်းပေးသွားပါမယ်။

မူဆယ်က ဂိမ်းရုံတစ်ခုမှာ အမျိုးသား ၂ ဦးကို ပြည်သူ့စစ်တွေက ဝိုင်းရိုက်လို့ သေဆုံးပြီး အလောင်းဖျောက်ထား၊ ဂိမ်းရုံတော့ ဆက်လက်ဖွင့်နေဆဲ

စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းမြောက် နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့က ဂိမ်းရုံတစ်ခုမှာ အမျိုးသား ၂ ဦးကို ပြည်သူ့စစ်တွေက ဝိုင်းရိုက်လို့ သေဆုံးသွားခဲ့တယ်လို့ အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပန်ဆန်းက KTV တစ်ခုမှာ အမျိုးသမီးတစ်ဦး K ရှူလွန်ပြီး သေဆုံး

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့ရှိ KTV တစ်ခုမှာ အမျိုးသမီးတစ်ဦးက အသုံးများတဲ့ စိတ်ကြွဆေးတစ်မျိုးဖြစ်တဲ့ K ဆိုတဲ့အမှုန့်ကို အရှူလွန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦး ပြောပြချက်အရ သိရပါတယ်။

UWSA က ဖမ်းဆီးရမိတဲ့ ကျပ်ငွေ ၁၀ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီထံ လွှဲပြောင်း

“ဝ” တပ်မတော် – UWSA က မြန်မာ-လာအို-ထိုင်း ၃ နိုင်ငံနဲ့ နယ်စပ်ချင်းနီးစပ်တဲ့ မိုင်းဆက်ခရိုင် မိုင်းတုံမြို့နယ်မှာ ၎င်းတို့ ဖမ်းဆီးရမိတဲ့ မြန်မာကျပ်ငွေ ၁၀ ဘီလျံခန့် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့တယ်လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ၎င်းရဲ့ လူမှုကွန်ယက်ပေါ်မှာ ဖော်ပြထားပါတယ်။