ရွှေဖီမြေ၊ ဇူလိုင် ၇ ရက်၊ နမ့်ခမ်း

ယမ်းပေါက်ကွဲမှုကြောင့် ထိခိုက်မှုများခဲ့တဲ့ တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကို ကူညီပေးမှု ပြီးစီးပြီဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို နောက်ဆုံးအဆင့်အဖြစ် ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်မှာ ကောင်းတပ်ကျေးရွာရှိ နေအိမ်စုစုပေါင်း ၈၉ အိမ်(အဝါရောင်ဇုန်) ကို ပျက်စီးဆုံးရှုံးသွားတဲ့ အခြေအနေပေါ်မူတည်ပြီး ထောက်ပံ့ငွေ ကျပ်သိန်း ၇,၁၄၅ ကို ကူညီထောက်ပံ့ပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။

ကျန်ရှိနေသေးတဲ့ အများပိုင်အဆောက်အဦးဖြစ်တဲ့ စာသင်ကျောင်းအဆောက်အဦးနဲ့ ဘုန်းကြီးကျောင်းအဆောက်အဦးတွေကို အမြန်ဆုံး ပြန်လည်ထောက်ပံ့ကူညီနိုင်ဖို့ လိုအပ်တဲ့ အစီအစဉ်တွေကို ဆက်လက်ဆောင်ရွက်နေသေးတယ်လို့ ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ထောက်ပံ့ကူညီငွေ စုစုပေါင်း ကျပ်သိန်း (၅,၃၉၄၁) ကူညီပေးခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို ကျပ်သိန်း (၆၂၉၀) ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

ကောင်းတပ်ရွာ ပေါက်ကွဲမှုအတွင်း ကူညီပေးခဲ့ကြတဲ့ ပရဟိတအသင်းအဖွဲ့တွေအပါအဝင် ပြည်တွင်းပြည်ပရှိ အလှူရှင်တွေကို ကျေးဇူးတင်ရှိကြောင်း တအာင်းတပ်က ထုတ်ပြန်ထားဖူးပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်မှာ TNLA ရဲ့ စီးပွားရေးဌာနက ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ကောင်းတပ်ရွာမှာ လူပေါင်း ၄၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၅၄ ဦး ရှိခဲ့ကာ နေအိမ်ပေါင်း ၆၈၀ လုံး ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။