မူဆယ်မှာ စစ်ကောင်စီတပ်က ကျားဖျန်တွေကို ထပ်မံ ဖမ်းဆီး

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီတပ်က ကျားဖျန်တွေကို လိုက်လံ ဖမ်းဆီးနေတယ်လို့ မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ အနီးကပ် ပျံသန်းခြိမ်းခြောက်တာကြောင့် နှစ်ဖက်အကြား ယုံကြည်မှု ပျက်စီးနိုင်တယ်လို့ RCSS ပြော

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS ရဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ အနီးကပ် ပျံသန်းပြီး ခြိမ်းခြောက်ခဲ့ကြောင်း RCSS ရဲ့ ပြန်ကြားရေးဌာန Tai Freedom က ဒီနေ့ မေလ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

“ဝ”တပ်က ကျပ်ဘီလျံနဲ့ချီ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးကို တရုတ်ထံ ထပ်မံ လွှဲပြောင်း

“ဝ”တပ်မတော်- UWSA နယ်မြေအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ၃၇၀.၂၇၆ ကီလိုဂရမ်ကို ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေနဲ့အတူ တရုတ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ “ဝ”ပြည် တရားစီရင်ရေးကော်မတီ- WSP က မနေ့ မေလ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

လားရှိုး လွယ်လမ့်ရွာက သစ်သီးပွဲရုံဂိုဒေါင် မီးလောင်၊ ဆုံးရှုံးမှုများ

ရှမ်းမြောက် လားရှိုးမြို့နယ် လွယ်လမ့်ကျေးရွာက သစ်သီးပွဲရုံဂိုဒေါင်တစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ လွယ်လွမ့်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဘာသာမတူ လူမျိုးမတူသူတွေ စုပေါင်းနေထိုင်ကြတဲ့ မိုင်းဘော်ရွာ

ဒီကျေးရွာထဲ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလှူအတန်း လုပ်နေတဲ့ မြင်ကွင်းတွေ၊ ဘုရားရှိခိုးသံတွေ မြင်ရမှာဖြစ်သလို ဘုရားကျောင်းမှာ ခရစ္စယာန်ဘာသာဝင်တွေရဲ့ ဝတ်ပြုသံတွေလည်း ကြားရမှာပါ။

တရုတ်ကျောင်းသွားရင်း နမ့်ခမ်းက ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံး

တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ အထက(၁) ကျောင်းဝန်းထဲ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် မရှိန်းမြတ်နဒီဆိုသူဟာ တရုတ်ကျောင်း သွားရာကနေ နေအိမ်ဘက် ပြန်မလာတော့ဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူဆီက သိရပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက် ရေဘေးဒုက္ခသည်တွေကို နေရာချပေးခဲ့တဲ့ လားရှိုးက နေအိမ်တွေကို တပ်ပိုင်မြေဆိုပြီး စစ်ကောင်စီတပ်က ဖယ်ရှား

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ်မှာ စစ်တပ်ပိုင်မြေကို ကျူးကျော်နေထိုင်တယ်ဆိုပြီး ဒေသခံတွေရဲ့ နေအိမ် ၉ လုံးကို စစ်တပ်က ဘက်ဖိုးတွေနဲ့ လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းမှာ SRF ဥက္ကဋ္ဌအပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦးကို မင်းကင်း ပကဖက ဖမ်းဆီးထားပြီး နှစ်ဖက်တပ်အကြား တင်းမာမှု ဆက်ဖြစ်နေ

စစ်ကိုင်းတိုင်း မင်းကင်းမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ လက်အောက်ခံ မင်းကင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ ကျောင်းသားတော်လှန်ရေးတပ်တော်- SRF အကြား စစ်ရေး တင်းမာမှု ဆက်လက် ဖြစ်ပွားနေတယ်လို့ SRF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ ယာဉ်ထိန်းရဲက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးပြီး ငွေတောင်း

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲက လိုင်စင်မဲ့ယာဉ်နဲ့ ယာဉ်စည်းကမ်း မလိုက်နာတဲ့သူတွေကို ဖမ်းဆီးနေပြီး ငွေတောင်းကြမ်းနေတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မြိုင်မှာ စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၅ ဦး သေဆုံး

မကွေးတိုင်း မြိုင်မြို့နယ် လင်းကတော တပ်စခန်းကနေ ဘေးပတ်ဝန်းကျင်ရွာတွေဘက် စစ်ကြောင်း ထိုးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၅ ဦး သေဆုံးကြောင်း မြိုင် ပကဖဘက်က ထုတ်ပြန်ပါတယ်။