The Latest
လားရှိုးမှာ သူခိုးတွေကို ကိုယ်ထူကိုယ်ထ ဖမ်းမိရင် လိုင်းပေါ်မတင်ဘဲ သက်ဆိုင်ရာတွေကိုသာ တိုက်ရိုက်ပြောကြားဖို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးခေါ်ပြော
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မြို့ခံတွေက သူခိုးတွေကို ကိုယ်ထူကိုယ်ထ ဖမ်းမိပါက လိုင်းပေါ်မတင်ဘဲ သက်ဆိုင်ရာတွေကိုသာ တိုက်ရိုက်ပြောကြားဖို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးခေါ်ပြီးပြောခဲ့ကြောင်း အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မကွေး-နေပြည်တော်လမ်းပိုင်းရှိ စစ်တပ်ရဲ့ ရဲစခန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ
မကွေး-နေပြည်တော်လမ်းပိုင်းရှိ စစ်တပ်ရဲ့ ရွှေဗန်းရဲစခန်းကို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က သတင်းထုတ်ပြန်ပါတယ်။
နမ့်ခမ်း ၁၂ မိုင်ရွာမှာ မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုတဲ့ အမျိုးသားတစ်ဦးကို MNDAA တပ်သားတွေက ဖမ်းဆီးပြီး သေဆုံးတဲ့အထိ ရိုက်နှက်
ကိုးကန့်တပ်မတော်- MNDAA တပ်စွဲထားတဲ့ နမ့်ခမ်းမြို့နယ် ၁၂ မိုင်ရွာမှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့ အမျိုးသားတစ်ဦးကို MNDAA တပ်သားတွေက ဖမ်းဆီးခဲ့ပြီး သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။