မုံရွာနဲ့ဝက်လက်မြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်း မုံရွာနဲ့ ဝက်လက်မြို့နယ်ထဲ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော်တစ်ဦး သေဆုံးပြီး အရပ်သား ၁၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

သံတွဲမြို့နယ်ထဲ ဗုံး ထပ်ကြဲလို့ အရပ်သား ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်လာပါတယ်။

လားရှိုးမှာ ဖုန်းခိုးယူသွားသူ ၂ ဦးနဲ့ လက်ခံဝယ်ယူထားသူတွေကို ဖမ်းမိ

ရွှေဖီမြေ၊ ဩဂုတ် ၁ ရက်၊ လားရှိုး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ မနေ့ ဇူလိုင် ၃၁ ရက်က…

မူဆယ် နယ်စပ်ဂိတ်မှာ တနိုင်တပိုင် ပစ္စည်းသွင်းထုတ်သူတွေကို ဌာနဆိုင်ရာက နိုင်ထက်စီးနင်း ပြုလုပ်နေပြီး စိတ်ကြိုက် ငွေတောင်းတာ ပစ္စည်းသိမ်းယူနေတာတွေ ပြုလုပ်နေ

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ တရုတ်ဘက်က ပစ္စည်းတွေကို တနိုင်တပိုင် သယ်ယူပို့ဆောင်တာနဲ့ စားဝတ်နေရေး ဖြေရှင်းနေကြတဲ့ ဒေသခံတွေကို စစ်ကောင်စီရဲ့ အကောက်ခွန်ဌာနနဲ့ ဌာနဆိုင်ရာက နိုင်ထက်စီးနင်း ပြုလုပ်နေပြီး အခွန် မတရား ကောက်ခံတာနဲ့ ပစ္စည်းသိမ်းယူတာတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ် ဂိမ်းဆိုင်မှာ ချစ်သူရည်းစားပြဿနာကြောင့် သေနတ်နဲ့ပစ်ခံရလို့ အမျိုးသားတစ်ဦး သေဆုံး

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့က ဂိမ်းဆိုင်တစ်ခုမှာ ချစ်သူရည်းစားပြဿနာကြောင့် သေနတ်နဲ့ပစ်ခံရလို့ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဖြစ်စဉ်သိရှိသူ ၎င်းနဲ့နီးစပ်တဲ့ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

ဇနီးဖြစ်သူကို ဓားမနဲ့ ခုတ်သတ်ခဲ့တဲ့ အမျိုးသားကို “ဝ”က သေနတ်နဲ့ ပစ်ခတ်ကွပ်မျက်

“ဝ”ပြည် ပန်ဆန်းခေါ် ပန်ခမ်းမြို့နယ် နာလော့ကျေးရွာအုပ်စု ယုံပန်းရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က ပေါက်နီဆိုတဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသားက ဇနီးဖြစ်သူကို ဓားမနဲ့ ခုတ်သတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

မဘိမ်းမြို့နယ်ထဲ စစ်ကောင်စီတပ် ဗုံးကြဲ၊ ထိခိုက်သေဆုံးမှုရှိ

ကချင်တပ်မတော်- KIA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မဘိမ်းမြို့ပေါ်နဲ့ ဘဟဲကျေးရွာထဲ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

အငြင်းပွားမှုဖြစ်နေတဲ့ နမ့်ဟွယ်ရွာပိုင်မြေကို ၁၀၅ မိုင် အုပ်ချုပ်ရေးမှူးဘက် ညီနောင်မဟာမိတ်ရုံးက အနိုင်ပေးတဲ့အပေါ် တရားမျှတမှု မရှိတာကြောင့် ရွာခံတွေ ဆန္ဒပြ

ရှမ်းမြောက် မူဆယ်မြို့နယ် အောက်နမ့်ဟွယ်ရွာပိုင်မြေကို ၁၀၅ မိုင်အုပ်ချုပ်ရေးက ၎င်းပိုင်မြေဆိုပြီး အငြင်းပွားမှု ဖြစ်နေတဲ့ မြေနေရာကို အုပ်ချုပ်ရေးမှူးပိုင်မြေအဖြစ် ညီနောင်မဟာမိတ်ရဲ့ တရားရုံးက အနိုင်ပေးလိုက်တဲ့အပေါ် ရွာခံတွေက မကျေနပ်ဘဲ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

မန်တုံအကျဉ်းထောင်ကနေ ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေထဲက ၁ ဦးကိုသာ ပြန်လည် ဖမ်းဆီးနိုင်ခဲ့၊ ကျန် ၁၄ ဦး လွတ်မြောက်နေ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မန်တုံအကျဉ်းထောင်ကနေ ထွက်ပြေးသွားသူတွေထဲက မူးယစ်ဆေးဝါးအမှုနဲ့ ထွက်ပြေးလွတ်မြောက်နေသူတစ်ဦးကိုသာ ပြန်ဖမ်းမိသေးတယ်လို့ မန်တုံမြို့ရှိ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြင်ဦးလွင်မှာ ကားတစ်စီးက ဆိုင်ကယ်ကို ဝင်တိုက်လို့ ကလေးတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ၊ ကားသမား ထွက်ပြေးနေ

‎မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ဆိုင်ကယ်တစ်စီးကို ကားက ဝင်တိုက်ခဲ့တာကြောင့် ကလေးတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။