မိုင်းယော်က TNLA ရဲ့ ရဲတပ်ဖွဲ့နဲ့ တပ်သားကို MNDAA အတင်းအဓမ္မ ရွှေ့ခိုင်း၊ တပ်သား ၁၉ ဦးကိုလည်း ဖမ်းဆီး

ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ တအာင်းတပ်- TNLA ရဲ့ ရဲတပ်ဖွဲ့နဲ့ တပ်သားတွေရဲ့ စခန်းကို ကိုးကန့်တပ်က အတင်းပြောင်းရွှေ့ခိုင်းတဲ့အပြင် တပ်ဖွဲ့ဝင် ၁၉ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း TNLA နဲ့ နီးစပ်သူ သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမှာ နေအိမ်ကနေ ထွက်သွားတဲ့ ၁၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးနေ

ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၉) ဘူတာဈေးနားက “နေလကုန်စုံဆိုင်”မှာ နေထိုင်ပြီး ကျောင်းတက်နေတဲ့ ၁၆ နှစ်အရွယ် မလုဂျာခေါ် မဆူးယွန်းမြတ်ဆိုသူဟာ ၎င်းနေထိုင်ရာ နေအိမ်ကနေ ထွက်သွားရာကနေ ပျောက်ဆုံးနေကြောင်း မိသားစုဝင်က ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် KNU ထိန်းချုပ်နယ်မြေက အရပ်သား ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်နယ်မြေက အရပ်သား ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

နောင်ချိုမြို့တွင်းမှာ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရ၊ မြို့တွင်း လုယက်မှု ဆိုးရွားနေပေမဲ့ စစ်တပ်က အရေးယူဆောင်ရွက်မှုမရှိ

စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ အမျိုးသမီးတစ်ဦးက အမျိုးသားနှစ်ဦးရဲ့ ဓားပြတိုက် လုယက်တာ ခံခဲ့ရတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။

ကိုးကန့်တပ်က သိန္နီကနေ ကွတ်ခိုင်ဘက် စားသောက်ကုန်နဲ့ စက်သုံးဆီ သယ်ယူခွင့်မပေး

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့နယ်ကနေ တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်ဘက် ကိုးကန့်တပ်က စားသောက်ကုန်နဲ့ စက်သုံးဆီတွေ သယ်ယူခွင့် မပေးဘူးကို ဒေသခံတွေဆီက သိရပါတယ်။

ခတ်ကွင်းမြေမှာ လက်ငင်းကြေတော့မလား

တောင်သုံးဆယ်ဟု ဆိုလိုက်လျှင် “လွိုင်ဆမ်ဆစ်” ကို ပြေးမြင်ယောင်ကြပေမည်။ ရှမ်းဘာသာစကားဖြင့် ခေါ်ဝေါ်ခြင်းဖြစ်ပြီး လွိုင်ဆမ်ဆစ်တောင်နှင့် ကွတ်ခိုင်မြို့သည် ယှဉ်တွဲသိရှိကြမည့် အထင်ကရ ဝိသေသ ဖြစ်သည်။

လားရှိုးမှာ ၃ ရက်အတွင်း ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှု ၂ ကြိမ်ဖြစ်ပွား

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ၃ ရက်အတွင်း ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှု ၂ ကြိမ် ဖြစ်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်ကြီးမှာ အမျိုးသမီး စစ်မှုထမ်းစာရင်း စတင်ကောက်ခံနေ

ရှမ်းတောင် တောင်ကြီးမြို့ပေါ်က ရပ်ကွက်တချို့မှာ စစ်မှုထမ်းဖို့အတွက် အမျိုးသမီးစာရင်းတွေကိုပါ စတင်ကောက်ခံနေပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ရှောင်တွေ နေထိုင်တဲ့ ပုဏ္ဏားကျွန်းက ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရသူတွေထဲက ထပ်မံသေဆုံးတာကြောင့် သေဆုံးသူ ၁၈ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ယိုးငူကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁၈ ဦးထိ ရှိလာပြီး ဒဏ်ရာရသူ ၁၄ ဦး ရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

UWSA က ဖမ်းဆီးရမိတဲ့ ကျပ်ငွေ ၁၀ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီထံ လွှဲပြောင်း

“ဝ” တပ်မတော် – UWSA က မြန်မာ-လာအို-ထိုင်း ၃ နိုင်ငံနဲ့ နယ်စပ်ချင်းနီးစပ်တဲ့ မိုင်းဆက်ခရိုင် မိုင်းတုံမြို့နယ်မှာ ၎င်းတို့ ဖမ်းဆီးရမိတဲ့ မြန်မာကျပ်ငွေ ၁၀ ဘီလျံခန့် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့တယ်လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ၎င်းရဲ့ လူမှုကွန်ယက်ပေါ်မှာ ဖော်ပြထားပါတယ်။