လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၂၅ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ၃ ရက်အတွင်း ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှု ၂ ကြိမ် ဖြစ်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီခွဲမှာ ရပ်ကွက် ၅ ရှိ ကုန်စုံဆိုင်တစ်ခုမှာ အရပ်ဝတ်နဲ့ အမျိုးသား ၃ ဦးက ဆိုင်ထဲဝင်လာပြီး ဆိုင်ထဲက အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို သေနတ်ထောက်ပြီး ခေါ်ဆောင်သွားခဲ့တာကို အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ CCTV မှတ်တမ်းအရ သိရပါတယ်။

လားရှိုးမြို့နယ်မှာ ခိုးမှု၊ ဓားပြတိုက်မှုနဲ့ လုယက်မှုတွေ မကြာခဏဖြစ်ပွားနေပေမဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးအရေးပေးတာတွေ မရှိဘူးလို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“နယ်ထိန်းတွေကို ဖုန်းဆက်တိုင်တာ။ သူတို့နဲ့ မဆိုင်ဘူးတဲ့။ ရက်ကွက်ထဲက ပြဿနာ လိုက်ရှင်းပေးရမှာလားတဲ့။ ရက်ကွက်ထဲက လောင်းကစား၊ နှစ်လုံး သုံးလုံးကျတော့ ပိုက်ဆံကောက်ပြီး။ ခဏခဏ လုခံရတယ်။ ဆိုင်ကယ်တွေ ပျောက်တယ်။ လိုက်မဖမ်းဘူး။ တနေကုန် ခါခူးထိုင်သောက်နေတာ။ လူကြီးမေးရင်တော့ ကင်းပတ်နေတယ်။ သူခိုးလိုက်ဖမ်းနေတယ်”

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက် ည ၇ နာရီခွဲဝန်းကျင်မှာလည်း လားရှိုးမြို့ အဝေရာ လမ်းသွယ် (၇) မှာ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ရွှေဆွဲကြိုး၊ ငွေသား သိန်း ၂၀ နဲ့ ဖုန်းတွေ ပါသွားတယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်မှာလည်း စျေးကနေ ပြန်လာတဲ့ အမျိုးသမီး ၁ ဦးကို အမျိုးသား ၃ ဦးက သေနတ်ထောက်ပြီး ဓားပြတိုက်ခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာလည်း လာရှိုးမြို့ ရပ်ကွက် (၄) က ရွှေလုပ်ငန်း လုပ်ကိုင်တဲ့ အိမ်တစ်အိမ်ကို အမည်မသိ အမျိုးသား ၆ ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ရွှေ ၅ ပိဿာ ပါသွားခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။