တန့်ယန်းမှာ UWSA အယောင်ဆောင်ပြီး ရွှေ လုယက်ထွက်ပြေးသွားတဲ့ အမျိုးသားတစ်ဦးကို “ဝ”တပ်ဖွဲ့ ဖမ်းဆီး

ရှမ်းမြောက် တန့်ယန်းမြို့မှာ “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA တပ်သား အယောင်ဆောင်ပြီး ရွှေ လုယက်ထွက်ပြေးသွားခဲ့တဲ့ အမျိုးသားတစ်ဦးကို UWSA က ဖမ်းဆီးရမိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦး ပြောပြချက်အရ သိရပါတယ်။

လားရှိုး ကုန်စုံဆိုင်တစ်ခုကနေ သိန်း ၁ ထောင်နဲ့ ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီး ပြန်လွှတ်လာ၊ ပြန်ပေးဆွဲသူတွေဟာ တစ်ရပ်ကွက်ထဲသားတွေ ဖြစ်နေ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၅ က ကုန်စုံဆိုင်တစ်ခုကနေ ပြန်ပေးဆွဲခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦး ပြန်လွှတ်လာပြီလို့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု- SRA အဖွဲ့ဝင် ခေါင်းဆောင်တွေနဲ့ NUG တွေ့ဆုံဆွေးနွေးခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ- NUG က နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု- SRA တပ်ဖွဲ့ဝင် ခေါင်းဆောင်အားလုံးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG က မနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

တန့်ယန်းမှာ UWSA က တပ်ဖွဲ့ဝင် ၈၀ ဦးကို တစ်ရက်တည်း လက်ထပ်ပွဲ ကျင်းပပေး၊ ခေါင်းဆောင်ရဲ့သား ပေါက်အိုက်ခမ်းလည်း တက်ရောက်

ရှမ်းမြောက် တန့်ယန်းမြို့နယ် ဟုန်ပန်းကျေးရွာမှာ “ဝ”တပ်မတော်- UWSA က တပ်ဖွဲ့ဝင် ၈၀ ဦးကို တစ်ရက်အတွင်း မင်္ဂလာဆောင် အခမ်းအနား ပြုလုပ်ပေးတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေပါတယ်။

‎မိုင်းဆတ်မှာ မူးယစ်ဆေးဝါး‌နဲ့အတူ မူးယစ်ချက်တဲ့စခန်းကိုပါ ပိုင်ရှင်မဲ့အဖြစ် စစ်ကောင်စီ ဖမ်းမိ

ရှမ်းအရှေ့ မိုင်းဆတ်မြို့နယ်က မူးယစ်ဆေးဝါးချက်တဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

ကြူကုတ်(ပန်ဆိုင်း)မှာ တရုတ်က မြန်မာပိုင်နက်ထဲကျော်ပြီး ခြံစည်းရိုးအသစ် တည်ဆောက်

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)နယ်စပ်ရှိ မြန်မာပိုင်နက်ထဲ တရုတ်ဘက်က ကျူးကျော်လာပြီး ခြံစည်းရိုးအသစ် ဆောက်ထားလိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

သီပေါမှာ စစ်မှုထမ်းကြေးအတွက် တစ်အိမ်ကို ၂ သိန်း ပေးနေရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာလည်း စစ်မှုထမ်းကြေးအတွက် အိမ် ၁ အိမ်ကို ငွေ ၂ သိန်း ပေးဆောင်နေရတယ်လို့ သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်ဘက် ကုန်စည်စီးဆင်းမှု ပိတ်လိုက်ပြီးနောက် လားရှိုး-နမ္မတူ ကုန်စည်စီးဆင်းခွင့်နဲ့ ခရီးသည် သွားလာခွင့်ကိုလည်း ကိုးကန့်တပ် ထပ်မံ ပိတ်ဆို့ထား

သိန္နီကနေ ကွတ်ခိုင်ဘက် ကုန်စည်စီးဆင်းခွင့် ပိတ်လိုက်ပြီးနောက် လားရှိုးကနေ တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူဘက် ကုန်စည်စီးဆင်းခွင့်နဲ့ ခရီးသည် သွားလာခွင့်ကိုလည်း ကိုးကန့်တပ်က ထပ်မံ ပိတ်လိုက်ပြီဖြစ်တယ်လို့ ကုန်သည်ကားသမားတွေဆီက သိရပါတယ်။

နမ့်ဖတ်ကာက ကိုရင်တစ်ပါး လက်ပစ်ဗုံး ကောက်ယူဆော့ကစားရာကနေ ပေါက်ကွဲလို့ ခြေတ‌စ်ဖက် ပြတ်ထွက်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ကိုရင်တစ်ပါးက လက်ပစ်ဗုံးတစ်လုံး ကောက်ယူဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ခြေထောက်တစ်ဖက် ပြတ်သွားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာပြီး ရှမ်းပြည်နယ်က ထိခိုက်သေဆုံးမှု အများဆုံးဖြစ်

ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာပြီး အဲဒီထဲက ရှမ်းပြည်နယ်က မိုင်းတွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်တယ်လို့ ကမ္ဘာ့မြေမြှုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့- Landmine and Cluster Munition Monitor ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။