ဓာတ်ပုံ- Telegram

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ မိုင်းဆတ်

‎‎ရှမ်းအရှေ့ မိုင်းဆတ်မြို့နယ်က မူးယစ်ဆေးဝါးချက်တဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

‎မူးယစ်ဆေးဝါး ချက်လုပ်တဲ့စခန်းဟာ မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့ ဝမ်လုံးကျေးရွာအနီးက တောထဲ ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။

‎ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးဟာ ဘိန်းမဲ ၃ ထုပ်၊ ဘိန်းဖြူတစ်တုံး၊ အဖြူရောင်ပုံဆောင်ခဲ ၁ ကီလိုဂရမ်စီပါတဲ့ အထုပ် ၉ ထုပ်၊ ယာမဆေးပြား ၆ ထောင်ပြားခန့်ပါတဲ့အထုပ် ၁၂ ထုပ်၊ ၉၉၉ တံဆိပ်ပါ ယာမဆေးပြား တစ်သောင်းခန့်ပါတဲ့အစည်း ၁၀ စည်း၊ ယာမဆေးပြား ဆာလာအိတ် တစ်ဝက်နဲ့ ၁၂ အိတ်၊ ယာမဆေးပြား ထုတ်လုပ်တဲ့နေရာမှာသုံးတဲ့ ဆေးမှုန့် ၁၂ အိတ်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

‎ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးကို သက်ဆိုင်ရာသို့ အပ်နှံပေးမှာဖြစ်သလို မီးရှို့ဖျက်ဆီးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

‎အဲဒီနေရာမှာ မူးယစ်ဆေးဝါးနဲ့အတူ အသုံးအဆောင်ပစ္စည်းသာ ဖမ်းဆီးရမိပြီး ပိုင်ရှင်ကိုတော့ ဖမ်းမိတာ မရှိကြောင်း စစ်ကောင်စီက ဆိုပါတယ်။

‎၎င်းနေရာအနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေသာ သွားလာတဲ့နေရာဖြစ်ကြောင်း နယ်မြေဒေသအကြောင်း သိရှိသူ သတင်းအရင်းအမြစ်က ပြောဆိုပါတယ်။

‎”သိရသလောက်ဆိုရင် အဲတကြောက စကစနဲ့ သူ့လက်အောက်ခံဘဲ စိုးမိုးတဲ့ နေရာတွေပါ”

‎ပြီးခဲ့တဲ့ ဇန်နဝါရီ လလယ်ဝန်းကျင်ကလည်း မိုင်းရယ်နဲ့ သီပေါမြို့နယ်မှာ စစ်တပ်က မူးယစ်ဆေးဝါးချက်တဲ့ စခန်းတွေကို ခပ်စိပ်စိပ် ဖမ်းဆီးခဲ့ပြီး အဲဒီဖမ်းဆီးရမိမှုဟာ တစ်နိုင်ငံလုံး ထုတ်လုပ်မှုရဲ့ ၃၃.၄၄ ရာခိုင်နှုန်းရှိကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။