ဓာတ်ပုံ- Local

ပို့လဘား၊ ဖေဖော်ဝါရီ ၂၈ ရက်၊ တန့်ယန်း

ရှမ်းမြောက် တန့်ယန်းမြို့မှာ “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA တပ်သား အယောင်ဆောင်ပြီး ရွှေ လုယက်ထွက်ပြေးသွားခဲ့တဲ့ အမျိုးသားတစ်ဦးကို UWSA က ဖမ်းဆီးရမိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦး ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်က တန့်ယန်းမြို့ ရပ်ကွက်(၄)မှာရှိတဲ့ ရွှေဆိုင်တစ်ခုမှာ လုယက်သွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ် ၃ နာရီခွဲမှာ ပြန်ဖမ်းမိခဲ့တာပဲ ဖြစ်ပါတယ်။

“သူက ဝ ယူနီဖောင်းတံဆိပ်ပါတဲ့ အဝတ်အစားကို ဝတ်ပြီး “ဝ”စစ်သားလိုလို၊ “ဝ”ပြည်သူ့စစ်လိုလိုနဲ့ ရွှေဆိုင်တစ်ခုကို ရွှေသွားဝယ်တဲ့ပုံစံနဲ့ သွားတယ်။ ဆိုင်ရှင်မသိတဲ့အချိန်မှာပဲ ခိုးယူပြီး ထွက်ပြေးသွားတာ‌ပေါ့နော်။ ရွှေနားကပ် ၃ စုံ ပါသွားတယ်။ ခိုးသွားတဲ့ ရွှေနားကပ် ၃ စုံကိုလည်း ပိုင်ရှင်လက်ထဲ ပြန်အပ်ပေးတယ်။ “ဝ”စစ်သားတွေက သူ‌နေတဲ့ရွာအထိ သူ့ကို သွားဖမ်းတယ်။ သူက ဆွံ့အနားမကြားသူ ဖြစ်နေတယ်”

လုယက်ထွက်ပြေးသွားတဲ့ အမျိုးသားဟာ တန့်ယန်းမြို့ ဘာဖန်ရွာမှာ နေထိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လကလည်း တန့်ယန်းမြို့မှာ UWSA နာမည်နဲ့ ဓားပြ တိုက်နေတဲ့ သူခိုးဂိုဏ်း ၁၇ ဦးကိုလည်း “ဝ”ရဲ့ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

တန့်ယန်းမြို့နယ်မှာ စစ်ကောင်စီတပ်အပြင် SSPP တပ်နဲ့ UWSA တို့လည်း သွားလာလှုပ်ရှားတဲ့နေရာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။