သုတ၊ မေလ ၂၂ ရက်၊ ဆီဆိုင်
ရှမ်းတောင် ဆီဆိုင်မြို့နယ် ကောင်းဝါတောင်ရွာမှာ မိုးကြိုး ပစ်ခံရလို့ နွား ၄၉ ကောင် သေဆုံးခဲ့တယ်လို့ ရွာခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မေလ ၂၁ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ မိုးတဖွဲဖွဲရွာပြီး လေပြင်းတိုက်ကာ နွားတွေ စုပြုံပြီး သစ်ပင်အောက်မှာ ရှိနေစဉ် မိုးကြိုး ပစ်ခံခဲ့ရတယ်လို့ ဆီဆိုင်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မိုးဖွဲဖွဲလေးပဲ ကျတာ။ လေလည်း တိုက်၊ မိုးကြိုးလည်း ပစ်နေတာ။ နွားတွေက သစ်ပင်အောက်မှာ သွားခိုတဲ့အချိန် ပစ်ခံရတာ။ ၄၉ ကောင် သေတယ်” လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ နွားတွေထဲ တစ်ဦးသာ ပိုင်ဆိုင်တဲ့နွားတွေ မဟုတ်ဘဲ ရွာခံတွေရဲ့ နွားတွေ ဖြစ်ကြပြီး ဒေသခံတွေအတွက် ဆုံးရှုံးမှု များနိုင်တယ်လို့ ပြောဆိုကြပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှ န်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရှမ်းမြောက်အပါအဝင် စစ်ကိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီနဲ့ ကချင်၊ ရခိုင်ပြည်နယ်မှာ မိုးရွာသွန်းတာ၊ မိုးကြိုးပစ်တာနဲ့ မိုးသီး ကြွေတာတွေ ဖြစ်လာနိုင်တာကြောင့် သတိထားကြဖို့ တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။