ရွှေဖီမြေ၊ စက်တင်ဘာ ၁၂ ရက်

တအာင်းဒစ်ဂျစ်တယ် အဘိဓာန်အဖွဲ့- Ta’ang Digital Dictionary Team က ဦးဆောင်ပြီး လုပ်ဆောင်နေတဲ့ တအာင်းဘာသာစကား ကီးဘုတ်ကို ဖုန်းနဲ့ကွန်ပြူတာမှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် တအာင်းစာလက်ကွက် လေ့ကျင့်ရေးဆော့ဖ်ဝဲကိုလည်း အသုံးပြုနိုင်သလို ဖုန်းနဲ့ဝက်ဘ်ဆိုက်မှာ တအာင်းအဘိဓာန်ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဆော့ဖ်ဝဲနဲ့ Application ၅ မျိုးကို စေတနာ့ဝန်ထမ်း (Volunteer)တစ်ဦးအဖြစ် အချိန်ယူ ကြိုးပမ်းတည်ဆောက်ခဲ့တဲ့ Mine Ah Naing (MTT)က ၎င်းရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မိုဘိုင်းဖုန်းသုံး တအာင်းအဘိဓာန်ဟာ အင်တာနက် ချိတ်ဆက်ဖို့ မလိုဘဲ Offline အနေနဲ့ နေရာမရွေး အသုံးပြုနိုင်တဲ့ အိတ်ဆောင်အဘိဓာန် ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ရေးဆွဲထားတဲ့ ဆော့ဖ်ဝဲတွေဟာ Android ဖုန်းနဲ့ Window ကွန်ပြူတာအတွက်သာ အသုံးပြုလို့ ရအုံးမှာဖြစ်ပြီး iOS အသုံးပြုသူအနေနဲ့ ဝက်ဘ်ဆိုက်အဘိဓာန်ကိုတော့ Safari Browser ကနေတဆင့် ဝင်ရောက်အသုံးပြုနိုင်ပါတယ်။

ဆော့ဖ်ဝဲတွေကို အသုံးပြုလိုသူတွေအနေနဲ့ အောက်ဖော်ပြပါ လင့်ခ်ထဲ ဝင်ရောက်ပြီး ဒေါင်းလုပ် ရယူနိုင်ပါတယ်။

၁။ မိုဘိုင်းဖုန်းသုံး တအာင်းလက်ကွက် (Ta’ang Keyboard For Android)

Download ရယူရန် – https://shrturl.app/taangkeyboardforandroid

၂။ ကွန်ပျူတာသုံး တအာင်းလက်ကွက် (Ta’ang Keyboard For PC)

Download ရယူရန် – https://shrturl.app/taangkeyboardforpc

၃။ တအာင်းလက်ကွက် လေ့ကျင့်ရေးဆော့ဖ်ဝဲ (Ta’ang Keyboard Typing Tutor For PC)

Download ရယူရန် – https://shrturl.app/taangtypingtutorpro

၄။ မိုဘိုင်းဖုန်းသုံး တအာင်းအဘိဓာန် (Ta’ang Dictionary For Android)

Download ရယူရန် – https://shrturl.app/taangdictionary

၅။ ဝက်ဘ်ဆိုက် အခြေပြု တအာင်းအဘိဓာန် (Ta’ang Dictionary For Website)

ဝင်ရောက်အသုံးပြုရန် – https://taangdictionary.org/

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မိုင်းယော်မှာ အမျိုးသားဖြစ်သူက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ပြီး သူကိုယ်တိုင်လည်း မီးထဲခုန်ချခဲ့လို့ သေဆုံးသွား

ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာ အမျိုးသားတစ်ဦးက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ခဲ့ပြီး သူကိုယ်တိုင်လည်း မီးထဲသို့ခုန်ချခဲ့လို့ သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရသူရဲ့ပြောပြချက်အရ သိရပါတယ်။

မူဆယ်က KTV ဆိုင်တစ်ခုမှာ ခိုက်ရန်ဖြစ်ပွားပြီး ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရ

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့က ကေတီဗီဆိုင်တစ်ခုမှာ လိုင်းကြေးကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းခဲ့ကြရတာကနေ ခိုက်ရန်ဖြစ်ပွားပြီး နမ့်ခမ်းမြို့မ ပြည်သူ့စစ်နဲ့အတူ လိုက်ပါလာတဲ့ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

SSPP နဲ့ MNDAA တို့ တွေ့ဆုံပြီး ဒေသတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ဆောင်ဖို့ နှစ်ဖက်တပ်တွေ သဘောတူ

တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ ကိုးကန့်တပ်မတော် MNDAA က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ်ကို သွားရောက်ပြီး SSPP ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ MNDAA က မနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ပေါက်မြို့နယ်က စစ်ဘေးရှောင် ၅ ထောင်ကျော် အရေးပေါ် အကူအညီလိုအပ်

မကွေးတိုင်း ပေါက်မြို့နယ်မှာ ရက်ရှည်စစ်ဘေးရှောင်နေကြရတဲ့ ကျေးရွာ ၁၁ ရွာက လူဦးရေ ၅ ထောင်ကျော်ဟာ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အမိုးအကာနဲ့ ဆေးဝါးတွေ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မနေ့ ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။