ရွှေဖီမြေ၊ ဩဂုတ် ၃ ရက်၊ နမ့်ခမ်း
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ရှိ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးဟာ ဈေးသွားရင်း ပျောက်ဆုံးနေကြောင်း မိသားစုဝင် အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ ဩဂုတ် ၂ ရက် မနက် ၉ နာရီမှာ နမ့်ခမ်းမြို့ ကောင်းဆာရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၉ နှစ်အရွယ် ဒေါ်စောရင်ခေါ် ယာကျောဟာ နေအိမ်ကနေ ဈေးသွားရင်း ပျောက်ဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။
မိသားစုဝင် အမျိုးသမီးက “အခုထိ အဆက်အသွယ် မရသေးဘူး။ စိတ်တအားပူပါတယ်။ တွေ့ရင် ကူညီပေးကြပါ” လို့ ပြောပါတယ်။
ပျောက်ဆုံးသွားပြီးချိန်ကစပြီး သတင်းရေးသားတဲ့အချိန်ထိ တစ်စုံတစ်ရာ သတင်းအစအန မရသေးတာကြောင့် မိသားစုဝင်က ရှာဖွေနေဆဲ ဖြစ်ပါတယ်။
နမ့်ခမ်းအပါအဝင် မူဆယ်မြို့မှာလည်း လူပျောက်တာ မကြာခဏ ဖြစ်ပွားနေပေမဲ့ လူငယ်တွေသာ ဖြစ်ကြပြီး အခုလို သက်ကြီးပိုင်း ပျောက်ဆုံးတာဟာ ရှားပါးကြောင်း မြို့ခံတွေက ပြောဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။