စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် လားရှိုး ရောက်လာ၊ မြို့အဝင်အထွက်မှာ တောင်းနေတဲ့ ဂိတ်ကြေး လျှော့ပေးဖို့ ဒေသခံတွေ တောင်းဆို

စစ်ကောင်စီရဲ့ လွှတ်တော်ကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ဦးဆောင်တဲ့အဖွဲ့က လားရှိုးမြို့ကို ရောက်ရှိနေကြောင်း ရွှေဖီမြေရဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မူဆယ် နယ်စပ်ဂိတ်မှာ တနိုင်တပိုင် ပစ္စည်းသွင်းထုတ်သူတွေကို ဌာနဆိုင်ရာက နိုင်ထက်စီးနင်း ပြုလုပ်နေပြီး စိတ်ကြိုက် ငွေတောင်းတာ ပစ္စည်းသိမ်းယူနေတာတွေ ပြုလုပ်နေ

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ တရုတ်ဘက်က ပစ္စည်းတွေကို တနိုင်တပိုင် သယ်ယူပို့ဆောင်တာနဲ့ စားဝတ်နေရေး ဖြေရှင်းနေကြတဲ့ ဒေသခံတွေကို စစ်ကောင်စီရဲ့ အကောက်ခွန်ဌာနနဲ့ ဌာနဆိုင်ရာက နိုင်ထက်စီးနင်း ပြုလုပ်နေပြီး အခွန် မတရား ကောက်ခံတာနဲ့ ပစ္စည်းသိမ်းယူတာတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ် တိုးဂိတ်ကို စစ်ကောင်စီက ပြန်လည်ပြင်ဆင်ပြီးနောက် ကားသမားတွေထံ ငွေစတောင်းကြမ်းနေ

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်-၁၀၅ မိုင်လမ်းပိုင်းရှိ မူဆယ်မြို့ပြင် တိုးဂိတ်ကို စစ်ကောင်စီဘက်က ပြန်လည်ပြင်ဆင်ထားပြီး ဖြတ်သန်းသွားလာတဲ့ ကားသမားတွေထံ ငွေစတောင်းကြမ်းနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

မူဆယ်မြို့က ကြူကုတ် (ပန်ဆိုင်း) လဝကရုံးမှာ ဒေသတွင်း အိမ်ထောင်စု ခွဲထွက်တာကို တရုတ် ယွမ် ၁၀၀၀ ထိ ပေးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က ကြူကုတ် (ပန်ဆိုင်း) လဝကရုံးမှာ ဒေသတွင်း အိမ်ထောင်စု ခွဲထွက်တာကို တရုတ် ယွမ် ၁၀၀၀ ထိ ပေးဆောင်နေရတဲ့ အပြင် ကလေးမွေးတိုး ထည့်သွင်းရာမှာလည်း ငွေသိန်းချီ ပေးဆောင်နေရကြောင်း ပေးဆောင်ခဲ့ရတဲ့ ဒေသခံတွေဆီက သိရပါတယ်။

သီပေါ ဖောင်ဆိပ်မှာ ဓာတ်ပုံရိုက်တဲ့သူတွေကို စစ်ကောင်စီတပ် ဖမ်းဆီးနေပြီး ဖောင်ကူးခကို အဆမတန် တောင်းယူနေ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့ ဖောင်ဆိပ်ကူးတဲ့နေရာမှာ ဓာတ်ပုံ ရိုက်ကူးတဲ့သူတွေကို စစ်တပ်က ဖမ်းဆီးနေတယ်လို့ သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ ရက် ၁၀၀ စီမံချက်အတွင်း မှတ်ပုံတင်တွေ လုပ်ဆောင်ပေးနေတယ်ဆိုပေမယ့် သိန်း ဆယ်နဲ့ချီပြီး ပေးဆောင်နေရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မှတ်ပုံတင် လာရောက်ပြုလုပ်တဲ့ ဒေသခံတွေဟာ ငွေသိန်းဆယ်ချီအထိ ပေးဆောင်နေရတယ်လို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။