Browsing Category
လမ်းပန်းဆက်သွယ်ရေး
62 posts
၁၃/အပါအဝင် တခြားတိုင်းနဲ့ပြည်နယ်က လူထုတွေ ခရီးသွားရင် ရဲစခန်းနဲ့ရပ်ကွက်ထောက်ခံစာ ပါကြဖို့ စစ်ကောင်စီပြော
ရှမ်းပြည်အပြင် မြန်မာနိုင်ငံအတွင်း ခရီးသွားလိုတဲ့ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ ခရီးသည်အပါအဝင် ကျန်တဲ့ မျဉ်းစောင်းလည်း ရဲစခန်းနဲ့ရပ်ကွက်ထောက်ခံစာ ပါကြဖို့ ကားဂိတ် တွေကို စစ်ကောင်စီက ပြောဆိုထားကြောင်း ခရီးသွားလူထုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
၁၀၅ မိုင်က စစ်ဆေးရေးဂိတ်မှာ ဗြုန်းတင်လာတဲ့ အမျိုးသားတစ်ဦး တင်ပို့ခွင့်စာအုပ် မရှိလို့ဆိုပြီး ရိုက်နှက်ခံရ
ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် (၁၀၅) မိုင်ရှိ စစ်ဆေးရေးဂိတ်မှာ ဗြုန်းတင်ဆောင်လာတဲ့ အမျိုးသားတစ်ဦးကို တင်ပို့ခွင့်စာအုပ် မရှိလို့ဆိုပြီး စစ်ဆေးရေးဂိတ်မှာ စောင့်နေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တန့်ယန်းမှာ စစ်ကောင်စီတပ်က လိုင်စင်မဲ့ယာဥ်တွေ ဖမ်းဆီးမှုရှိနေပြီး၊ လူကို ငွေသိန်းရာချီနဲ့ ပြန်ရွေးခိုင်းနေ
ရှမ်းမြောက် တန့်ယန်းမြို့မှာ စစ်ကောင်စီက လိုင်စင်မဲ့တဲ့ ယာဥ်တွေကို ဖမ်းဆီးမှုတွေ ပြုလုပ်လာနေပြီး ကားတွေကို သိမ်းဆည်းကာ လူကို ငွေသိန်းရာချီနဲ့ ပြန်ရွေးရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် (BP) ကို တရားဝင်ဈေး (၅၀၀) ကျပ်သာ သတ်မှတ်ထားပေမယ့် ၅ သောင်းအထိ ပေးဆောင်နေရ၊ BP ဌာနမှ တစ်ရက်ဝင်ငွေ သိန်းရာနဲ့ချီ ရှိ
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ နန်းတော်ပေါက်ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်ထွက်သွားလာခွင့်လက်မှတ် BP (စာအုပ်အနီ) ထုတ်ပေးရာ ဌာနမှာ တစ်အုပ်လျှင် တရားဝင်ဈေး (၅၀၀) ကျပ်သာ သတ်မှတ်ထားတဲ့ (BP) စာအုပ်ကို ငွေကျပ် ၅ သောင်းအထိ မူဆယ်ခရိုင် လဝကဝန်ထမ်းတွေက တောင်းယူနေတာကြောင့် ဒေသခံတွေက အခက်တွေ့နေကြရတယ်လို့ သိရပါတယ်။
နမ့်စန်မှာ ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲပြုတ်ကျလို့ ၁ ဦး သေ၊ ၉ ဦး ဒဏ်ရာရ
ရှမ်းတောင် နမ့်စန်မြို့နယ် လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျခဲ့တာကြောင့် ခရီးသည် အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ (လွိုင်လင်)က ထုတ်ပြန်ထားပါတယ်။