ဓာတ်ပုံ- Local

မိုင်းရူပ၊ မတ်လ ၈ ရက်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နဲ့ ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီလမ်းကို အဆင်းသာ ခွင့်ပြုပြီး သိန္နီကနေ ကွတ်ခိုင်ဘက် တက်လာတဲ့ ယာဉ်တွေကိုတော့ ကိုးကန့်တပ်ဘက်က ဖြတ်သန်းခွင့် မပေးတော့ဘူးလို့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။

သိန္နီ-ကွတ်ခိုင် လမ်းပိုင်းကို မနက်ဖြန် မတ်လ ၉ ရက်ကစပြီး ကွတ်ခိုင်ကနေ သိန္နီဘက် ဆင်းလာတဲ့ ယာဉ်တွေကိုသာ ဖြတ်သန်းခွင့် ပြုမှာဖြစ်ပြီး သိန္နီကနေ ကွတ်ခိုင်ဘက် တက်လာတဲ့ ယာဉ်တွေကို ကိုးကန့်တပ်က ပိတ်ထားမယ်လို့ ပြောဆိုထားကြောင်း ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အဆင်းတော့ ရတယ်တဲ့။ အတက်ကားတွေတော့ ဘာမှ မတင်လည်း ပေးမဖြတ်ဘူးတဲ့။ ကွတ်ခိုင်-သိန္နီကြား မန်ပြိန်းရွာ နတ်စင်မှာ စောင့်နေတဲ့ ကိုးကန့်စစ်သားတွေက ကားသမားတွေကို အဲလိုပြောတာ”

သိန္နီ-ကွတ်ခိုင် လမ်းပိုင်းကို ဘယ်နှစ်ရက်ကြာ ပိတ်မယ်ဆိုတာနဲ့ ဘာကြောင့် ပိတ်လဲဆိုတာကိုတော့ ကိုးကန့်တပ်ဘက်က ပြောဆိုတာ မရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

ကွတ်ခိုင်မြို့မှာ TNLA နဲ့ ကိုးကန့်တပ်အကြား တင်းမာမှု ဖြစ်ပွားပြီးနောက် တအာင်းတပ် ထိန်းချုပ်ဒေသဘက် စက်သုံးဆီအပါအဝင် ကုန်ပစ္စည်း သယ်ယူခွင့်ကို ကိုးကန့်တပ်ဘက်က ကန့်သတ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ် MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို လိုက်ဖြုတ်ရာကနေ နှစ်ဖက်တပ် ထိုးကြိတ်မှု ဖြစ်ပွားခဲ့ရာကနေ လက်ရှိအချိန်ထိ ပြေလည်မှု မရသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။