ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၂ ရက်

‎‌မွန်ပြည်နယ် မော်လမြိုင်‌ – ရန်ကုန် ပြည်ထောင်စုလမ်းမပေါ် ခရီးသွားတဲ့ လူထုတွေထဲမှာမှ ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်တဲ့ လူထု‌တွေလည်း ရဲစခန်းနဲ့ ရပ်ကွက်ထောက်ခံစာပါရင် လွတ်လပ်စွာ သွားလာလို့ရကြောင်း ယာဉ်လိုင်းတွေက ပြောဆိုထားတယ်လို့ ခရီးသည်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဖေဖော်ဝါရီ ၁၀ ရက်ကစပြီး ၎င်းလမ်းပေါ်မှာ ခရီးသွားတဲ့ ၁၃ မျဉ်းစောင်းကိုင်ဆောင်တဲ့ ခရီးသွားပြည်သူတွေကလည်း တခြားခရီးသည်တွေနဲ့နည်းတူ သွားလာနိုင်တယ်လို့ ဆိုပါတယ်။

‎”လိုင်းကားတွေက အရင်လို မတင်တာမျိုး မပြောတော့ဘူး။ ပုံမှန်ကားခနဲ့ ပုံမှန်ပြန်သွားလို့ ရပြီတဲ့” ဆိုပြီး ၁၃ မျဉ်းစောင်း ကိုင်ဆောင်တဲ့ နမ့်ဆန်မြို့နယ်က အမျိုးသားက ပြောပါတယ်။

‎ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်မှာ ရှမ်းပြည်အပြင် မြန်မာနိုင်ငံအတွင်း ခရီးသွားလိုတဲ့ ၁၃ မျဉ်းစောင်း ကိုင်ဆောင်ထားတဲ့ ခရီးသည်တွေအပါအဝင် ကျန်တဲ့ မျဉ်းစောင်းတွေလည်း ရဲစခန်းနဲ့ ရပ်ကွက်ထောက်ခံစာ ပါကြဖို့ကို စစ်ကောင်စီတပ်က မန္တလေးက ကားဂိတ်တချို့နဲ့ ရှမ်းတောင်ရှိ ကားဂိတ်‌တွေကို ပြောဆိုထားကြောင်း ခရီးသွားလူထုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၂၂ ရက်မှာ မော်လမြိုင်သို့ ရောက်နေတဲ့ ရှမ်းမြောက် ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူတွေကို မော်လမြိုင်ရှိ တည်းခိုခန်းနဲ့ ဟိုတယ်မှာ တည်းခိုခွင့် ကန့်သတ်ခံခဲ့ရသလို လိုင်းကားစီးခွင့်လည်း မရှိခဲ့ကြောင်း ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။