သုတ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ကျောက်မဲ

ရှမ်းမြောက် ကျောက်မဲမြို့အဝင်မှာ ညီနောင်မဟာမိတ် (၃) ဖွဲ့ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကနေ တရုတ်ထုတ်ကုန် တင်ဆောင်လာတဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ်က ရှမ်းမြောက် နမ့်ဆန်–မိုင်းငေါ့–ကျောက်မဲ လမ်းပိုင်းကနေ တရုတ်ထုတ်ကုန် တင်ဆောင်လာတဲ့ ကုန်ကားတွေကို ကျောက်မဲမြို့အဝင်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမအပတ်ကစပြီး ဖမ်းဆီးမှုတွေ ပြုလုပ်လာတာလို့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“၂ ရက်လောက် လမ်းပိတ်သွားတယ်။ ၇ ရက်နေ့မှ ပြန်ဖွင့်ပေးတာ။ တရုတ်နိုင်ငံ ထုတ်ကုန်တွေကိုတော့ မပေးဝင်ဘူး။ အကုန်ဖမ်းတယ်။ တောင်ပေါ်ကား အတက်အဆင်းတွေကိုတော့ သွားလာခွင့် ပေးတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ညီနောင်မဟာမိတ် (၃) ဖွဲ့ ထိန်းချုပ်ထားတဲ့ တရုတ်–မြန်မာ နယ်စပ်ဂိတ်ကနေ ထွက်လာတဲ့ ကုန်ပစ္စည်းတွေကို ပြည်မဘက် မရောက်အောင် ရှမ်းမြောက် လားရှိုး–မိုင်းရယ် လမ်းပိုင်းမှာလည်း စစ်ဆေးမှုတွေ တင်းကြပ်ပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက လားရှိုး–သီပေါမြို့ကို ဆက်သွယ်ထားတဲ့ သီပေါတံတားကို စစ်ကောင်စီက လက်ရှိအချိန်အထိ ပိတ်ထားတာကလည်း တရုတ်ထုတ်ကုန်တွေ မဝင်နိုင်အောင် ကန့်သတ်ပိတ်ပင်ထားတာဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

စစ်ကောင်စီရဲ့ ဒီလို ကန့်သတ်ပိတ်ပင်မှုတွေဟာ ညီနောင်မဟာမိတ် (၃) ဖွဲ့ဆီကို အခွန်ဝင်ငွေတွေ မစီးဆင်းနိုင်အောင် ပြုလုပ်နေတာဖြစ်တယ်လို့ နယ်စပ်ကုန်သည်တွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

တရုတ်–မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ၁၀၅ ကုန်သွယ်ရေးဇုန်ကို ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ တအာင်းတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) နဲ့ ကိုးကန့်တပ် (MNDAA) တို့က ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်ကို လက်ရှိမှာ ကိုးကန့်တပ်က ထိန်းချုပ်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။