ရှမ်းမြောက်မှာ စစ်ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာသူ ၉၀၀ နီးပါးရှိ၊ သူတို့တွေကို လူသားချင်း စာနာမှုအကူအညီတွေ ပေးဖို့ TWO တောင်းဆို
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ်အထိ ရှမ်းမြောက်မှာ တိုက်ပွဲပဋိပက္ခတွေကြောင့် အရပ်သား ၈၉၄ ဦး ထိခိုက်နစ်နာခဲ့ရပြီး နစ်နာသူတွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းကူညီဖို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က တောင်းဆိုလိုက်ပါတယ်။