နောင်ချိုမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်

ရှမ်းမြောက် နောင်ချိုမြို့နယ် ယာပြင်ကျေးရွာက အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

နောင်ချိုမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ခုတ်မိရာကနေ ပေါက်ကွဲလို့ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို ခုတ်မိရာကနေ ပေါက်ကွဲလို့ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိထားသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုက အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဖြတ်လိုက်ရ

ရှမ်းမြောက် နောင်ချိုမြို့နယ်က အမျိုးသားတစ်ဦး မိုင်းနင်းပြီးမှ ညာဘက်ခြေထောက် တစ်ဖက်ဖြတ်လိုက်ရတယ်လို့ မိုင်းနင်းမိသူရဲ့ အစ်မဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မှာ အမှိုက်ကောက်နေရင်း လက်ပစ်ဗုံးပေါက်ကွဲလို့ အမျိုးသားတစ်ဦး ပွဲချင်းသေဆုံး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်- မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာ လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး အမှိုက်ကောက်နေတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဖားကန့်မှာ ပလပ်စတစ်အိတ် ကောက်ယူကြည့်ရာကနေ ပေါက်ကွဲပြီး အမျိုးသား တစ်ဦး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းရပ်ကွက်(၅)မှာ ဒီနေ့ ဇွန် ၁၃ရက် မနက်ပိုင်းက လမ်းဘေးမှာ ပစ်ထားတဲ့ ပလပ်စတစ်အိတ်တစ်အိတ်ကို ကောက်ယူကြည့်ရာက ပေါက်ကွဲမှုဖြစ်ပွားပြီး ဒေသခံ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နမ္မတူ ပန်လုံရွာက အမျိုးသား ၂ ဦး နမ့်မြီးချောင်းမှာ ငါးမိုင်း ခွဲရင်း ကြိုးမိုင်း နင်းမိလို့ ၁ ဦး သေဆုံး

ရှမ်းမြောက် နမ္မတူမြို့နယ် ပန်လုံကျေးရွာက အမျိုးသား ၂ ဦး နမ့်မြီးချောင်းမှာ ငါးမိုင်း ခွဲရင်း ကြိုးမိုင်း နင်းမိလို့ ၁ ဦး သေဆုံးခဲ့တယ်လို့ သေဆုံးသူ အမျိုးသားနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိပြီး အရပ်သားတစ်ဦး သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး ဒေသခံအမျိုးသားတစ်ယောက် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

နောင်ချိုမှာ မိုင်းနင်းမိသူ များတာကြောင့် မြေမြှုမိုင်းနဲ့ စစ်ကျန်လက်နက်တွေ ရှင်းပေးဖို့ ဒေသခံတွေ တောင်းဆို

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ မြေမြှုပ်မိုင်း နင်းမိသူတွေ များလာတာကြောင့် သက်ဆိုင်ရာက တာဝန်ရှိသူတွေအနေနဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးကြဖို့ ဒေသခံတွေ တောင်းဆိုနေကြကြောင်း သိရပါတယ်။

ရှမ်းမြောက်မှာ ၅ လအတွင်း မြေမြှုပ်မိုင်းကြောင့် ကလေးအပါအဝင် သေဆုံးသူ ၃ ဦးနဲ့ ခြေလက်ဆုံးရှုံးရသူ ၁၇ ဦးအထိ ရှိ

ရှမ်းမြောက်မှာ ဒီ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ၅ လအတွင်း ရွှေဖီမြေ ပြုစုထားတဲ့ စာရင်းအရ မြေမြှုပ်မိုင်းတွေကြောင့် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မိုင်းထပ်နင်းမိရာကနေ နောင်ချိုမြို့နယ်က အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်

‎ရှမ်း‌မြောက် နောင်ချိုမြို့နယ်မှာ အမျိုးသားတစ်ဦးက‌ မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားကြောင်း ကူညီပေးသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။