သံတွဲနဲ့ ဂွမြို့နယ်ထဲ စစ်ကောင်စီတပ်က ၁ နာရီအတွင်း လေယာဉ် ၁၀ စီး အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်၊ ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ
အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲနဲ့ ဂွမြို့နယ်ထဲ စစ်ကောင်စီတပ်က ဗုံးအလုံး ၁၀၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရခဲ့တယ်လို့ AA က သတင်းထုတ်ပြန်လာပါတယ်။